“ကိုလိုကိုလိုအသင်းမှာ ဗော်ဇင်ညာအမည်ပြောင်ကို အသုံးပြုဖို့ ချီလီဘောလုံးအဖွဲ့ချုပ်ခွင့်ပြု”
06 Aug
ချီလီဘောလုံးအဖွဲ့ချုပ်က ကိတ်ဗာဒီ ဂိုးသမား ဗော်ဇင်ညာ ရဲ့အမည်ကို ကိုလိုကိုလိုအသင်းမှာ အသုံးပြုခွင့်ပေးလိုက်ကြောင်း သိရပါတယ်။ ချီလီဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းမျဉ်းအရ ကစားသမားတွေအနေနဲ့ ကလပ်အသင်း၀တ်စုံမှာ နာမည်အရင်း ကိုသာ အသုံးပြုရမယ်လို့ သတ်မှတ်ထားပြီး အမည်ပြောင်တွေ၊ ဘွဲ့အမည်တွေ၊ ချစ်စနိုးအမည်တွေကို ခွင့်မပြုပါဘူး။ ကိုလိုကိုလိုအသင်းရဲ့ ဂိုးသမားသစ်ဖြစ်တဲ့ ဗော်ဇင်ညာ ရဲ့ အမည်ရင်းက ဂျိုဆီမာဂျိုဆေးအီဗိုရာဒီယက်စ် ဖြစ်ပြီး ဗော်ဇင်ညာ ဆိုတာက အမည်ပြောင်ဖြစ်ပါတယ်။ ဒါကြောင့် ဗော်ဇင်ညာ အနေနဲ့ ကိုလိုကိုလိုအသင်းမှာ အမည်ရင်းကို အသုံးပြုရမယ့် အခြေအနေဖြစ်ခဲ့ပေမယ့် ချီလီဘောလုံးအဖွဲ့ချုပ်က ကမ္ဘာကျော်အမည်ဖြစ်နေတဲ့ ဗော်ဇင်ညာ ဆိုတဲ့အမည်ကို အသုံးပြုခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဗော်ဇင်ညာ ဆိုတဲ့အမည်က ပေါ်တူဂီဘာသာစကားအရ အဘွားလေးလို့ အဓိပ္ပာယ်ရပြီး ငယ်စဉ်က အဘိုးအဘွားတွေနဲ့ အတူတူနေခဲ့ရတဲ့ ဗော်ဇင်ညာ က တစ်ခုခုဖြစ်ရင် အဘွားဆီ ပြေးသွားလေ့ရှိတာကြောင့် အခုလိုအမည်ပြောင် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)