“အမေရိကန်အစိုးရသည် ပိုလန်နိုင်ငံတွင် အမြဲတမ်းစစ်စခန်းတည်ဆောက်နိုင်ရန် ကြိုးပမ်း”
06 Aug
အမေရိကန်အစိုးရသည် ယူကရိန်းနှင့်ရုရှားနိုင်ငံတို့ဖြင့် နယ်စပ်ဖြစ်သော ပိုလန်နိုင်ငံတွင် အမြဲတမ်း စစ်စခန်း တစ်ခုတည်ဆောက်ရန်အတွက် ဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း ပိုလန်ဒုတိယကာကွယ်ရေး ဝန်ကြီးက ဩဂုတ်လ ၅ ရက်တွင် ပြောကြားခဲ့သည်။ NATO တပ်ဖွဲ့နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့် ပိုလန် နိုင်ငံသည် လက်ရှိတွင် အမေရိကန်စစ်သည် ၁၀,၀၀၀ နီးပါးကို ပိုလန်မြေပေါ်၌ လက်ခံထားသည်။ ထို့အပြင် NATO တပ်ဖွဲ့၏ အရှေ့ဘက်ဆုံးစစ်မျက်နှာတစ်ခုတွင်ရှိသော ပိုလန်နိုင်ငံသည် အမေရိကန်တပ်ဖွဲ့ဝင်များ အမြဲတမ်း တည်ရှိနေရန် ပိုမိုလိုလားနေခြင်း ဖြစ်သည်။ လက်ရှိအချိန်တွက် ကနဦးအဆင့်ဆွေးနွေးမှုများ ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း၊ နှစ်နိုင်ငံဘက်မှ ၎င်းတို့၏ တောင်းဆိုချက်ကိုယ်စီကို အပြန်အလှန်ဖလှယ်ထားကြောင်း၊ သို့ပေမဲ့ အဆိုပါတောင်းဆိုချက်များသည် တရားဝင် မဖြစ်သေးကြောင်း ပိုလန်ဒုတိယကာကွယ်ရေးဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။ ပိုလန်နိုင်ငံသည် ရုရှား နိုင်ငံ၏နောက်ဖေးခြံဝင်းလို ဖြစ်နေသောကြောင့် အမေရိကန်စစ်စခန်းရှိလာခြင်းသည် ရုရှားနိုင်ငံအတွက် စိုးရိမ် စရာတစ်ခုဖြစ်လာခဲ့ကြောင်း AGC သတင်းဌာနဖော်ပြချက်အရ သိရသည်။