“ဒုဌဝတီမြစ်ရေမြင့်တက်မှုကြောင့် သီပေါမြို့မှာ တာရိုးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ”

06 Aug

ရှမ်းပြည်နယ်၊ သီပေါမြို့မှာ ဒုဌဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးအနိမ့်ပိုင်းရှိ လူနေအိမ်များ ဘက်သို့ ရေစတင်ကျော်ဝင်လာသဖြင့် တာရိုးကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက အရေးပေါ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ဩဂုတ်လ ၅ ရက် နံနက် ၁၁ နာရီခန့်က သီပေါမြို့၊ ဈေးရပ်ကွက်၊ နယ်မြေ (၁)အတွင်း ဒုဌဝတီမြစ်ရေ မြင့်တက်လာရာမှ မြစ်ကမ်းဘေးအနိမ့်ပိုင်းရှိ လူနေအိမ်များဘက်သို့ ရေအနည်းငယ်ကျော်ဝင်လာကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါကြောင့် သီပေါမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများပူးပေါင်းကာ ရေကျော်ဝင်နေတဲ့ တာရိုးပေါ်မှာ အတားအဆီးများ တပ်ဆင်ခြင်းနှင့် သဲအိတ်များ စီတန်းကာကွယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင်ဒေသခံများ၏ နေအိမ်များနှင့်ပစ္စည်းဥစ္စာများ ထိခိုက်ပျက်စီးမှု လျော့နည်းစေရန်အတွက် ရေဘေးကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။ (NVS 008)

06 Aug

ADVERTISE HERE .