“ဝါလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ရန်ပုံငွေမှ ချေးငွေလျှောက်ထားနိုင်”

06 Aug

ပြည်တွင်းရှိ ဝါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ(MSME)ရန်ပုံငွေမှ ချေးငွေများလျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။ အဆိုပါချေးငွေများကို ဝါစေ့ဆီထုတ်လုပ်ရေးစက်များ၊ ချည်မျှင်ထုတ်လုပ်ရေးစက်များ တည်ထောင်ခြင်းနှင့် လက်ရှိလုပ်ငန်းများ တိုးချဲ့တပ်ဆင်ခြင်းတို့အတွက် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ ချေးငွေအဆိုပြု လွှာများကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ MSME အေဂျင်စီရုံးများသို့ ပေးပို့လျှောက်ထားနိုင်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ် (၃၇)၊ နေပြည်တော်သို့ဖြစ်စေ၊ ဖုန်းနံပါတ် ၀၆၇-၃၄၀၈၃၉၅ နှင့် ၀၉-၄၀၁၂၂၄၉၉၈ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထားပါတယ်။ (NVS 008)

06 Aug

ADVERTISE HERE .