“ရေဘေးကယ်ဆယ်ရေးအတွက် ထိုင်းနိုင်ငံမှ မှာယူထားတဲ့ ကယ်ဆယ်ရေးလှေ ၆ စီးနှင့် စက်များ ရောက်ရှိ”

06 Aug

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်(ဗဟို)က ရေဘေးအန္တရာယ်များ ကြုံတွေ့လာတဲ့အခါ အချိန်နှင့် တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ထိုင်းနိုင်ငံမှ မှာယူထားတဲ့ ကယ်ဆယ်ရေးလှေ များနှင့် စက်များ ရောက်ရှိလာပြီဖြစ်ကြောင်း အသိပေးထားပါတယ်။ လက်ရှိမှာ စုစုပေါင်းကယ်ဆယ်ရေးလှေ ၆ စီးအတွက် လှေအထိုင်များနှင့် အင်ဂျင်စက်များကို တပ်ဆင်ကာ အသုံးပြုနိုင်ရန် အဆင်သင့်ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်(ဗဟို)က အသိပေးထား ပါတယ်။ အဆိုပါကယ်ဆယ်ရေးလှေများကို ရေဘေးဖြစ်ပွားတဲ့ဒေသများမှာ လျင်မြန်စွာတုံ့ပြန်ကယ်ဆယ်နိုင်ရေးနှင့် အရေးပေါ်အခြေအနေများတွင် ထိရောက်စွာ အသုံးပြုနိုင်ရန် ရည်ရွယ်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

06 Aug

ADVERTISE HERE .