“ဂက်ပို ရဲ့ ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် ၇၂သန်း သတ်မှတ်လိုက်တဲ့ လီဗာပူးအသင်း”

05 Aug

လီဗာပူးအသင်းက အသင်းရဲ့တိုက်စစ်မှူး ဂက်ပို ရဲ့ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် ၇၂ သန်းအဖြစ် သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူး ဂက်ပို ကို လက်ရှိအချိန်မှာ စပါးအသင်းကခေါ်ယူရန် စိတ်ဝင်စားလျက် ရှိပါတယ်။ ဂက်ပို ဟာ လီဗာပူးအသင်းနှင့်အတူ ၂ဝ၂၂ -၂ဝ၂၃ မှ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံပွဲပေါင်း ၁၈၀ ကစားပြီး ဂိုး ၅ဝ အထိသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် စပါးအသင်းက ခေါ်ယူရန်စိတ်ဝင်စားလာခြင်း ဖြစ်ပါတယ်။ လီဗာပူးအသင်းကလည်း ဂက်ပိုအတွက် ၄င်းတို့သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးအတိုင်း ပေးချေမည့် မည်သည့်အသင်းကိုမဆို ရောင်းချသွားမှာဖြစ်ပါတယ်။(NVS 008)

05 Aug

ADVERTISE HERE .