“ဘိုင်ယန်မြူးနစ်အသင်းက ဟယ်ရီကိန်း၏နေရာ၌ မန်ယူအသင်းမှ ဆက်ကိုနှင့် ရေရှည်အစားထိုးရန်ဆုံးဖြတ်”

05 Aug

ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းက အသင်းနှင့်အနာဂတ် မရေမရာဖြစ်နေသည့် ဟယ်ရီကိန်း ရဲ့ နေရာမှာ မန်ယူအသင်းမှ ဆက်ကို နဲ့ ရေရှည်အစားထိုးရန် ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ ဟယ်ရီကိန်း ဟာ ၂၀၂၃ ခုနှစ်မှာ စပါးအသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သော်လည်း အသက်အရွယ်အပိုင်းအခြား ကြောင့် ကာလရှည်အသုံးပြုနိုင်မှာမဟုတ်လို့ ဆက်ကို နဲ့ အစားထိုးနိုင်ရန် စီစဉ်နေခြင်းဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ဆက်ကို အား လိုက်ပဇစ်အသင်းတွင် ကစားခဲ့စဉ်ကတည်းက ခေါ်ယူရန်ကြိုးပမ်း ခဲ့ဖူးပြီး ဆက်ကို ကိုယ်တိုင်က မန်ယူအသင်းသို့သာ ပြောင်းရွှေ့ကစားလိုနေတာကြောင့် ခေါ်ယူရန်မအောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းနှင့် ဟယ်ရီကိန်း တို့ စာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိတော့ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်း မရှိသေးဘဲ လာမည့်ဘောလုံးရာသီအကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ် ရနိုင်သည့် အခြေအနေကြောင့် ဘိုင်ယန်မြူးနစ်အသင်းက ဆက်ကို နှင့် ရေရှည်အစားထိုးလိုနေခြင်းဖြစ်ပါတယ်။(NVS 008)

05 Aug

ADVERTISE HERE .