“တူရကီကလပ် ထရတ်ဇွန်စပေါ်အသင်းသို့ ပြောင်းရွှေ့ဖို့နီးစပ်နေတဲ့ ဆာလာ”

05 Aug

လီဗာပူးလ်အသင်းနဲ့ လမ်းခွဲထားတဲ့ အီဂျစ်တိုက်စစ်ကစားသမား ဆာလာ ဟာ တူရကီကလပ် ထရတ်ဇွန်စပေါ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။ ဆာလာ နဲ့ ထရတ်ဇွန်စပေါ်အသင်းအကြား သဘောတူညီမှုရဖို့ အလွန်နီးစပ်နေပြီလို့လည်း သိရပါတယ်။ ဆာလာ ဟာ အစောပိုင်းက တူရကီကလပ် ဘက်ဆစ်တက်အသင်းနဲ့ သတင်းထွက်ခဲ့တာဖြစ်ပြီး ဘက်ဆစ်တက် အသင်းဟာ ဆာလာ ကိုခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှုရရှိပြီးမှ ပျက်ပြယ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ် ဆာလာ ဟာ တူရကီမြေကို တစ်နှစ်စာချုပ်၊ တစ်နှစ်သက်တမ်းတိုးခွင့်နဲ့ ပြောင်းရွှေ့ဖို့ များနေပါတယ်။ ဆာလာ အနေနဲ့ တစ်နှစ်အသားတင်လုပ်ခ ယူရို ၁၀ သန်းနဲ့ အခြားဆုကြေးတွေလည်း ရဖို့ရှိပါတယ်။(NVS 008)

05 Aug

ADVERTISE HERE .