“ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌသစ်ရာထူးအတွက် ရေပန်းစားသူများစာရင်းတွင် အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီ ပါဝင်လာ”
05 Aug
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ဥက္ကဋ္ဌသစ်ရာထူးအတွက် ရေပန်းစားသူများစာရင်းတွင် အာရှဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီ ပါဝင်လာကြောင်း FOX Sports သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဖီဖာဥက္ကဋ္ဌသစ်ရွေးကောက်ပွဲကို လာမည့် ၂၀၂၇ ခုနှစ် မတ်လတွင် ကျင်းပမည်ဖြစ်ပြီး အစောပိုင်းဥက္ကဋ္ဌသစ် ရာထူးအတွက် လက်ရှိဥက္ကဋ္ဌ အင်ဖန်တီနို က ရေပန်းစားနေသော်လည်း ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ဖြစ်ရပ်များအပြင် ကမ္ဘာ့ဖလားပြိုင်ပွဲကို ရှယ်ယာများသတ်မှတ်ကာ ရောင်းချရန်စီစဉ်ခဲ့ပြီးနောက် ရာထူးအတွက် မရေမရာဖြစ်လာခဲ့ပါတယ်။ လက်ရှိ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဖျော်ဖြေရေးအစီအစဉ် အများအပြား ထည့်သွင်းခြင်း၊ ကြော်ငြာအစီအစဉ်များ အများအပြားထည့်သွင်းခြင်း အစရှိသည်များဖြင့် ဝေဖန်မှုများမြင့်တက် နေချိန်တွင် ကမ္ဘာ့ဖလားပြိုင်ပွဲကို ရှယ်ယာသတ်မှတ်ရောင်းချရန် စီစဉ်မှုများကြောင့် ပိုမိုဆိုးရွားလာခဲ့ပြီး ထောက်ခံ မှုများ ကျဆင်းလာခဲ့ပါတယ်။ ဖီဖာဥက္ကဋ္ဌသစ်ရာထူးအတွက် ရေပန်းစားသူများစာရင်းတွင် လက်ရှိအာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီ အပြင် ကွန်ကာကက်ဖ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂလီယာနီ၊ လက်ရှိ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဂရက်စထရွန်း၊ ဥရောပဘောလုံးအဖွဲ့ချုပ် စီဖာရင် တို့က ရေပန်းစားနေကြောင်း သိရပါတယ်။(NVS 008)