“ရီးရဲလ်လူငယ်ကစားသမား နှစ်ဦးကို တစ်ပြိုင်တည်းခေါ်ယူခဲ့တဲ့ ဖူလ်ဟမ်အသင်း”

05 Aug

ဖူလ်ဟမ်အသင်းက ရီးရဲလ်မက်ဒရစ်အသင်းမှ လူငယ်ကစားသမားနှစ်ဦးဖြစ်တဲ့ ဂွန်ဇာလိုဂါစီယာ နဲ့ ဆီဆာ ပလာစီယို့စ် တို့ကို ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ကစားသမားနှစ်ဦးစလုံးကို တစ်နှစ် သက်တမ်းတိုးခွင့်ရှိတဲ့ အချက်လည်း ထည့်သွင်းထားပါတယ်။ ၎င်းတို့နှစ်ဦးဟာ ဖူလ်ဟမ်အသင်းမှာ ရီးရဲလ်နည်းပြဟောင်း အာဘီလိုအာ နဲ့ ပြန်လည်လက်တွဲရမှာ ဖြစ်ပါတယ်။ ဖူလ်ဟမ်အသင်းအနေနဲ့ ဂွန်ဇာလိုဂါစီယာ အတွက် ယူရို သန်း ၄၀၊ ဆီဆာပလာစီယို့စ် အတွက် ယူရို ၁၀ သန်း ပေးချေခဲ့ကြောင်း သိရပါတယ်။ ဂွန်ဇာလိုဂါစီယာ ဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၉ ပွဲ ကစားပြီး ရှစ်ဂိုးသွင်းယူ ထားပါတယ်။ ပလာစီယို့စ် ကတော့ ရီးရဲလ်အသင်းကြီးအတွက် ငါးပွဲသာကစားထားရပြီး ငါးပွဲစလုံး လူစားဝင် ကစားခဲ့တာဖြစ်ပါတယ်။(NVS 008)

05 Aug

ADVERTISE HERE .