“နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံသို့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ”

05 Aug

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံသို့ “ဝ”ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ဩဂုတ်လ ၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်ခန်း၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာတွင် ယခုနိုင်ငံတော် အစိုးရသစ်လက်ထက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် သန္နိဋ္ဌာန်ချမှတ်ပြီး မဖြစ်မနေ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိမှုအခြေအနေများ၊ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးကို ဖိတ်ခေါ် ဆွေးနွေးဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ထိုသို့ဖိတ်ခေါ်ဆွေးနွေးဆောင်ရွက်ချိန်တွင် "ဝ"ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSP)မှ ယခုကဲ့သို့ လာရောက်တွေ့ဆုံခဲ့ခြင်းသည် နိုင်ငံတော်၏အနာဂတ်အတွက် ကောင်းမွန် သည့် လုပ်ဆောင်ချက်ဖြစ်မှုအခြေအနေများ၊ ၁၉၈၉ ခုနှစ်တွင် တပ်မတော်နှင့် "ဝ"အဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေး နိုင်ခဲ့မှုအခြေအနေများ၊ နိုင်ငံတော်အနေဖြင့် ပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် ထာဝရငြိမ်းချမ်းရေးရရှိရန် လိုအပ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ဦးတည်လျှောက်လှမ်း ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ (UWSA) “ဝ”အဖွဲ့ အနေဖြင့် နိုင်ငံတော်ကို မိဘကဲ့သို့သဘောထားမှုနှင့် မိဘဖြစ်သည့် နိုင်ငံတော်၏စောင့်ရှောက်မှုအောက်တွင် မိမိတို့ သားသမီးများက မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရန် ခံယူချက်ထားဆောင်ရွက်နေမှုအခြေအနေများ၊ “ဝ” ဒေသအတွင်း ပညာရေးကဏ္ဍတိုးတက်ရေး ဆရာ၊ ဆရာမများနှင့် အခြေခံအဆောက်အဦများ ဖြည့်ဆည်းပေးခြင်း၊ ကျန်းမာရေးကဏ္ဍတိုးတက်ရေး ဆေးရုံများအဆင့်မြှင့်တင်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများ ဖြည့်ဆည်းဆောင်ရွက် ပေးခြင်းနှင့် လမ်းပန်းဆက်သွယ်မှုကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာစေရေး ဆောက်လုပ်ရေးလုပ်ငန်းများ အတွက် လိုအပ်သည်များကို နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ နိုင်ငံတော် အနေဖြင့် နိုင်ငံတစ်ဝန်း အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ အပြီးတိုင်ချုပ်ငြိမ်း ပပျောက်စေရေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ (UWSA) "ဝ"အဖွဲ့အနေဖြင့်လည်း ဒေသအတွင်း အွန်လိုင်းလောင်းကစားမှုများ ပပျောက်စေရေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ဖိဖိစီးစီးကြပ်မတ်နှိမ်နင်း ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် “ဝ”ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြ ပါတယ်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတ ဦးညိုစော၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက် တို့တက်ရောက်ကြပြီး “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌနှင့်အတူ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်အိုက်ခမ်း နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။(NVS 008)

05 Aug

ADVERTISE HERE .