“အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အီရန်ကို စစ်ရေးအရ ထပ်မံခြိမ်းခြောက်”

05 Aug

ငါးလကြာ အီရန်စစ်ရေးပဋိပက္ခ အဆုံးသတ်ရေးအတွက် သဘောတူညီချက်မယူခဲ့ပါက အီရန်အစိုးရ အနေဖြင့် စစ်ရေးအရ အမြစ်ဖြတ်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဩဂုတ်လ ၃ ရက်တွင် သတိပေးပြောကြားခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အီရန်နိုင်ငံအနေဖြင့် လက်ရှိစစ်ရေးပဋိပက္ခကို အဆုံးသတ်ရေးအတွက် သဘောတူညီချက်တစ်ရပ် ရယူနိုင်ရန် နောက်ဆုံးအခွင့်အလမ်းရှိနေကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က သတင်းထောက်များနှင့်တွေ့ဆုံစဉ် ထုတ်ဖော် ပြောကြားခဲ့သည်။ ဩဂုတ်လ ၃ ရက်တွင် အမေရိကန်နှင့် အီရန်နိုင်ငံတို့ကြား စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး ဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တစ်ရက်အကြာတွင် သမ္မတ ဒေါ်နယ်ထရမ့် က အီရန်နိုင်ငံကို စစ်ရေးအရထမ်မံ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် လက်ရှိ၌ အီရန်စစ်ရေးပဋိပက္ခ အဆုံးသတ်ရေးအတွက် မည်သည့်ဆွေးနွေးပွဲမျှ ကျင်းပနေခြင်း မရှိကြောင်း အီရန်မီဒီယာများက ဩဂုတ်လ ၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ အဆိုပါ သတင်းထုတ်ပြန်ချက် ပေါ်ထွက်လာခဲ့ပြီးနောက် အီရန်အစိုးရကို ကောက်ကျစ်သည့် အစိုးရအဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဝေဖန်ပြောကြားထားကြောင်း သိရသည်။

05 Aug

ADVERTISE HERE .