“အမေရိကန်နှင့် အီရန် တွေ့ဆုံဆွေးနွေးလျက်ရှိ၊ ယင်းမှာ အီရန်၏ နောက်ဆုံးအခွင့်အရေး ဟု ထရမ့် ဆို”

04 Aug

အမေရိကန်သမ္မတ ထရမ့် က အမေရိကန်နှင့်အီရန် တွေ့ဆုံဆွေးနွေးနေကြောင်း၊ ယင်းမှာ အီရန်က သဘောတူညီချက် လက်မှတ်ရေးထိုးရန် နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း ဩဂုတ်လ ၃ ရက်တွင် အိမ်ဖြူတော်၌ မီဒီယာများကို ပြောကြားခဲ့သည်။ အမေရိကန်နှင့် အီရန် တွေ့ဆုံဆွေးနွေးမှုသည် အီရန်၏တောင်းဆိုချက်အရ လုပ်ဆောင်ရခြင်းဖြစ်ပြီး ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ကာတာနှင့် အခြားနိုင်ငံများစွာ၏ ထောက်ခံမှုရရှိခဲ့ကြောင်း ထရမ့် က ဆိုခဲ့သည်။ အမေရိကန်စစ်တပ်က အီရန်အပေါ် အကြီးအကျယ်တိုက်ခိုက်မည့်အစီအစဉ်သည် တည်ရှိနေဆဲဖြစ်ကြောင်းလည်း ၎င်းက ခြိမ်းခြောက်ပြောဆိုခဲ့သော်လည်း ခေါင်းဆောင်အကြီးအကဲအား ချေမှုန်းခြင်း လှုပ်ရှားမှုမတိုင်မီ ကျွန်တော် သူတို့ကို နောက်ဆုံးအခွင့်အရေးတစ်ကြိမ် ပေးချင်ပါသေးတယ်ဟု ၎င်းက ပြောကြားခဲ့သည်။ ဆွေးနွေးညှိနှိုင်းသည့် တိုးတက်မှုအခြေအနေနှင့် စပ်လျဉ်း၍ ဖြေကြားရာတွင် ထရမ့် က ခင်ဗျားတို့ ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်ဆို သိရပါပြီ။ ရလဒ်က ဘာပဲဖြစ်ဖြစ် ကိစ္စရဲ့တိုးတက်မှုက သိပ်ကိုမြန်မှာပါဟု ဆိုသည်။ ဆွေးနွေးညှိနှိုင်းမှု၏ ပထမအဆင့်မှာ ဟော်မုဇ်ရေလက်ကြားအား ဖွင့်လှစ်ခြင်းဖြစ်ပြီး အမြန်ဆုံး မနက်ဖြန်ဆို လုံးဝ ဖွင့်လှစ်သွားမှာပါ၊ ဒုတိယအဆင့်သည် အီရန်၏ နျူကလီးယားကင်းစင်ရေး အရေးကိစ္စကို ဆွေးနွေးရန်ဖြစ်ပြီး ၎င်းသည် အချိန်အနည်းငယ်လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ အီရန်ဘက်က အမေရိကန်-အီရန် ဆွေးနွေးညှိနှိုင်းမှု ပြန်လည်စတင်ခြင်းအား ငြင်းဆိုသည်ဟူသော ပြောကြား ချက်နှင့်စပ်လျဉ်း၍ ထရမ့် က ဩဂုတ်လ ၃ ရက် အစောပိုင်းတွင် လူမှုမီဒီယာ၌ပို့စ်တင်၍ တုံ့ပြန်ငြင်းဆိုခဲ့ပြီး ဆွေးနွေး ညှိနှိုင်းမှုသည် ပြန်လည်စတင်နေပြီဖြစ်သည်ဟု အခိုင်အမာပြောဆိုခဲ့ကာ သဘောတူညီချက် ရရင်ရ၊ မရရင် လုံးဝ အညံ့ခံလိုက်ပါ ဟု အီရန်ကို ခြိမ်းခြောက်ပြောဆိုခဲ့သည်။ (Repost from Xinhua Myanmar)

04 Aug

ADVERTISE HERE .