ကုန်ဈေးနှုန်းသတင်း ၄.၈.၂၀၂၆
04 Aug
ဩဂုတ်လ ၄ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ ကြက်သွန်နီဈေး ဆက်တိုက်မြင့်တက်နေသလို မတ်ပဲ၊ ပဲစင်းငုံနဲ့ ကြက်သွန်ဖြူ၊ အာလူးဈေးတွေလည်း အနည်းငယ် တက်လာပါတယ်။ မန်ကျည်းသီး၊ သကြားနဲ့ အခြားပဲအများစုဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၀၉,၃၅၅ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၁၉,၉၃၃ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၆၈၀ ကျပ်ကနေ ၅,၇၂၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၅,၁၈၀ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၆,၃၅၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၉၂၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၇၅၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၃,၅၆၅ ကျပ်ကနေ ၁၅,၅၈၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၁၇၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၅၈၅ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၀,၈၃၀ ကျပ်ကနေ ၁၂,၆၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၄၀ ကျပ်ကနေ ၁,၇၆၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၄၀၀ ကျပ်ကနေ ၅,၇၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၇,၆၆၅ ကျပ်ကနေ ၈,၀၀၀ ကျပ်၊ ကြက်သွန်နီ(ဆိပ်ဖြူ) တစ်ပိဿာကို ၄,၉၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(အောင်ပန်း) တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၁၀၀ ကျပ်ကနေ ၆,၃၆၅ ကျပ်၊ မန်ကျည်းသီး(ပွင့်ကပ်/ အသား) တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၆၀၀ ကျပ်ကနေ ၃,၈၀၀ ကျပ်၊ အာလူး(အောင်ပန်း) တစ်ပိဿာကို ၁,၇၀၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ပုစွန်ခြောက်(မြိတ်ပုစွန်) တစ်ပိဿာကို ၉၀,၀၀၀ ကျပ်ကနေ ၁၀၀,၀၀၀ ကျပ် ငါးရံ့ခြောက် တစ်ပိဿာကို ၈၀,၀၀၀ ကျပ်ကနေ ၁၀၀,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၃၀,၀၀၀ ကျပ်ကနေ ၄၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၂၇ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၄၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၄၇၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၆၄၀ ကျပ်၊ မန္တလေးမှာ ၃,၇၇၅ ကျပ်၊ နေပြည်တော်မှာ ၃,၇၃၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၆၈၅ ကျပ်၊ မန္တလေး မှာ ၃,၈၂၅ ကျပ်၊ နေပြည်တော်မှာ ၃,၇၈၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၉၈၅ ကျပ်၊ မန္တလေးမှာ ၄,၁၁၅ ကျပ်၊ နေပြည်တော်မှာ ၄,၀၇၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၄,၈၃၀ ကျပ်၊ မန္တလေးမှာ ၄,၉၆၅ ကျပ်၊ နေပြည်တော်မှာ ၄,၉၂၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၆,၉၅၀,၀၀၀ိ/-) ခြောက်ဆယ် ကိုးသိန်း ငါးသောင်းကျပ် ရှိပြီး ပြင်ပပေါက် ဈေးမှာ ကျပ်သိန်း (၉,၆၄၀,၀၀၀ိ/-) ကိုးဆယ် ခြောက်သိန်း လေးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။