“ဒေသတွင်း ကော်ဖီပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် မြန်မာနိုင်ငံကော်ဖီအသင်းနှင့် ဗီယက်နမ်နိုင်ငံ ကော်ဖီ သုတေသနဌာနတို့ ဆွေးနွေး”

04 Aug

ဒေသတွင်း ကော်ဖီပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် မြန်မာနိုင်ငံကော်ဖီအသင်း(MCA)နှင့် ဗီယက်နမ်နိုင်ငံ ကော်ဖီသုတေသနဌာနတို့ ဇူလိုင်လ ၃၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရပါတယ်။ မြန်မာနိုင်ငံ၏ ကော်ဖီကဏ္ဍကို မြန်မာပြည်၏ မတူကွဲပြားသော ဒေသအမျိုးမျိုးတွင် ပိုမိုတိုးတက်မြင့်မား လာစေရန် ရည်ရွယ်၍ အဆင့်မြင့် ကော်ဖီမျိုးစေ့နည်းပညာ၊ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော မျိုးဗီဇအရင်းအမြစ်များ နှင့် မျိုးရွေးချယ်မှုများအပေါ် အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါပူးပေါင်းဆောင်ရွက်ခြင်းကြောင့် မြန်မာနိုင်ငံ၏ပေါ်ထွန်းလာမည့် အလားအလာများကို ကမ္ဘာ့အဆင့်မီ စိုက်ပျိုးရေးသုတေသနလုပ်ငန်းများနှင့် ချိတ်ဆက်ခြင်းအားဖြင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကျင့်စဉ်များ၊ တိကျ ခိုင်မာသော နည်းပညာအသိပညာဖလှယ်မှုများ၊ ပိုမိုခိုင်မာအားကောင်းသော အရှေ့တောင်အာရှကော်ဖီ အသိုက် အဝန်းကြီး ပေါ်ထွန်းလာစေရန်နှင့် ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

04 Aug

ADVERTISE HERE .