“အင်္ဂလန်ဝါရင့်ကွင်းလယ်ကစားသမား ဟန်ဒါဆန် ကို နှစ်နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တဲ့ ချဲလ်ဆီးအသင်း”

04 Aug

ချဲလ်ဆီးအသင်းက ဘရန့်ဖို့ဒ်အသင်းနဲ့ လမ်းခွဲထားတဲ့ အင်္ဂလန်ဝါရင့်ကွင်းလယ်ကစားသမား ဟန်ဒါဆန် ကို နှစ်နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ကြောင်းသိရပါတယ်။ ဟန်ဒါဆန် ဟာ ဆန်းဒါးလန်းအသင်းနဲ့အတူ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်က ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်မှာ ပရီးမီးယားလိဂ် ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းမှာ ကစားသမားဘ၀ အအောင်မြင်ဆုံးဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား၊ FAဖလား၊ လိဂ်ဖလား၊ ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတွေ ဆွတ်ခူးခဲ့ပါတယ်။ ဟန်ဒါဆန် ဟာ ၂၀၂၃ ခုနှစ်မှာ လီဗာပူးလ်အသင်းက ထွက်ခွာပြီးနောက် ဆော်ဒီကလပ် အယ်လ်အစ်တီဖာ၊ နယ်သာလန်ကလပ် အေဂျက်စ်အသင်းတွေမှာ ကစားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဘရန့်ဖို့ဒ်အသင်းကို ရောက်လာပြီး ပရီးမီးယားလိဂ် ၃၂ ပွဲအထိ ကစားခဲ့တာဖြစ်တယ်။ ဘရန့်ဖို့ဒ်အသင်းမှာ ခြေစွမ်းပြနိုင်လို့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ လေးကြိမ်ကစားဖူးတဲ့ ပထမဆုံး အင်္ဂလိပ် ကစားသမား ဖြစ်လာပြီး မေဂျာပြိုင်ပွဲ ခုနစ်ပွဲ ကစားခဲ့ပါတယ်။ အင်္ဂလန်အသင်းအတွက် နိုင်ငံတကာပွဲ ၉၁ ပွဲအထိ ကိုယ်စားပြုကစားထားပါတယ်။ (NVS 008)

04 Aug

ADVERTISE HERE .