“ဂျပန်ဂိုးသမား ဆူဇူကီး ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ PSG အသင်း”

04 Aug

PSG အသင်းဟာ ပါးမားအသင်းက ဂျပန်လက်ရွေးစင်ဂိုးသမား ဆူဇူကီး ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း သိရပါတယ်။ PSG အသင်းဟာ ပြီးခဲ့တဲ့နှစ်နွေရာသီမှာ အီတလီဂိုးသမား ဒွန်နာရမ်မာ ကို မန်စီးတီးအသင်းထံ ရောင်းထုတ်ခဲ့ပြီး ပြင်သစ်ဂိုးသမား ချီဗာလီယာ နဲ့ ရုရှားဂိုးသမား ဆာဖိုနော့ဗ် တို့ကို အလှည့်ကျအသုံးပြုခဲ့ပါတယ်။ လက်ရှိနွေရာသီမှာ ထိပ်တန်းဂိုးသမား ထပ်မံခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ဆူဇူကီး ကို ယူရို ၃၃ သန်းနဲ့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ဂျပန်လက်ရွေးစင်အသင်းရဲ့ နံပါတ် ၁ ဂိုးသမားအဖြစ် ရပ်တည်နေတဲ့ ဆူဇူကီး ကို ဂျူဗင်တပ်စ်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် PSG အသင်းနဲ့အပြိုင် ငွေကြေးသုံးစွဲဖို့ အစီအစဉ် မရှိတာကြောင့် PSG အသင်းက အသာစီးရရှိနေကြောင်း သိရပါတယ်။ ဆူဇူကီး က ထိပ်သီးကလပ်အသင်းဖြစ်တဲ့ PSG အသင်းမှာ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ PSG အသင်းသို့ ဆူဇူကီး ရောက်ရှိသွားပါက ဂျူဗင်တပ်စ်အသင်းက PSG အသင်းမှ ဂိုးသမားတစ်ဦးကို အငှားနဲ့ကမ်းလှမ်းဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။ (NVS 008)

04 Aug

ADVERTISE HERE .