“ရီးရဲလ်ဂိုးသမား ဖရန်ဂွန်ဇာလက်ဇ် ကို ခေါ်ယူလိုက်တဲ့ ဆီဗီလာအသင်း”

04 Aug

ဆီဗီလာအသင်းဟာ ရီးရဲလ်အသင်းက စပိန်ယူ-၂၁ ဂိုးသမား ဖရန်ဂွန်ဇာလက်ဇ် ကို ခေါ်ယူလိုက်ကြောင်း သိရပါတယ်။ ရီးရဲလ်အသင်းက ဖရန်ဂွန်ဇာလက်ဇ် အတွက် ပြောင်းရွှေ့ကြေးယူရို ၃ သန်းသာ ရရှိမှာဖြစ်ပေမယ့် ဖရန်ဂွန်ဇာလက်ဇ် ရဲ့ Economic Rights ၅၀ ရာခိုင်နှုန်းကို ဆက်လက်ပိုင်ဆိုင်ထားမှာဖြစ်သလို ယူရို ၃ သန်း နဲ့ ၅ သန်း ကြားပမာဏနဲ့ ပြန်လည်ခေါ်ယူနိုင်မယ့် သဘောတူညီချက်လည်း ရယူထားကြောင်း သိရပါတယ်။ ဖရန်ဂွန်ဇာလက်ဇ် က ရီးရဲလ်အသင်းအတွက် ၁ ပွဲသာ ကစားခွင့်ရဖူးပေမယ့် အလားအလာရှိတဲ့ ဂိုးသမား တစ်ဦးဖြစ်တာကြောင့် ရီးရဲလ်အသင်းက အခုလိုသဘောတူညီမှုတွေ ရယူထားခြင်းဖြစ်ကြောင်း သိရပါတယ်။ ဖရန်ဂွန်ဇာလက်ဇ် က နယ်သာလန်မှာ လေ့ကျင့်မှုပြုလုပ်နေတဲ့ ဆီဗီလာအသင်းနဲ့ သွားရောက်ပူးပေါင်းနေပြီ ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

04 Aug

ADVERTISE HERE .