“ဧရာဝတီအသင်းသို့ ပြန်လည်ရောက်ရှိလာတဲ့ မေထက်လူ”

04 Aug

မြန်မာအမျိုးသမီးလက်ရွေးစင်တိုက်စစ်မှူး မေထက်လူ ဟာ ဧရာဝတီအမျိုးသမီးအသင်းမှာ ပြန်လည်ပါဝင်ကစားနေပြီဖြစ်ပါတယ်။ မေထက်လူ ဟာ ပြီးခဲ့တဲ့ဇူလိုင်လဆန်းပိုင်းက ကျောင်းပညာရေးနဲ့ ကိုယ်ရေးကိုယ်တာကိစ္စရပ်များကြောင့် ဧရာဝတီအသင်းရဲ့ ပွဲစဥ်အချို့ကို လွဲချော်ခဲ့ပြီး ပါဝင်ကစားပေးနိုင်ခဲ့ခြင်း မရှိကြောင်း သိရပါတယ်။ မေထက်လူ ဟာ ပြီးခဲ့တဲ့ဇူလိုင်နောက်ဆုံးပတ်ကတည်းက ဧရာဝတီအသင်းနဲ့ ပြန်လည်ပူးပေါင်းနေခဲ့တာဖြစ်ပြီး ဇူလိုင်လ ၂၇ ရက်က မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ် (၇) အဖြစ် ရတနာပုံအသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ဧရာဝတီအသင်းအတွက် လူစားဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ ဧရာဝတီအသင်းဟာ ရတနာပုံအသင်းကို တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ မေထက်လူဟာ ယခုအခါ ဧရာဝတီအသင်းနဲ့အတူ ပုံမှန်လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်နေပြီး ရန်ကုန်စီးတီးအသင်းနဲ့ ယှဥ်ပြိုင်ကစားရမယ့်ပွဲအတွက် ပြင်ဆင်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)

04 Aug

ADVERTISE HERE .