“နယ်သာလန်အသင်းကို ပြန်လည်ကိုင်တွယ်ဖို့ ဆန္ဒရှိနေတဲ့ ဗန်ဟား”

04 Aug

နယ်သာလန်လက်ရွေးစင်အသင်းရဲ့ နည်းပြဟောင်း လူးဝစ်ဗန်ဟား ဟာ နယ်သာလန်အသင်းကို ပြန်လည် ကိုင်တွယ်ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ ဗန်ဟား က နယ်သာလန်အသင်းကို ၃ ကြိမ် ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယနေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ နယ်သာလန်အသင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃၂ သင်းအဆင့်က ထွက်ခဲ့ရပြီးနောက် နည်းပြ ရော်နယ်လ်ကိုးမန်း နဲ့ လမ်းခွဲထားပါတယ်။ ဒါကြောင့် မန်စီးတီးနည်းပြဟောင်း ဂွါဒီယိုလာ နဲ့ လီဗာပူးလ်နည်းပြဟောင်း အာနယ်ဆလော့ တို့ကို ချဉ်းကပ်ခဲ့ပေမယ့် နှစ်ဦးစလုံးက ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။ ဗန်ဟား ဟာ ဆီးကျိတ်ကင်ဆာရောဂါကို ကုသမှုခံယူခဲ့ရတာကြောင့် နည်းပြလောကကို ကျောခိုင်းခဲ့ခြင်းဖြစ်ပေမယ့် လက်ရှိအချိန်မှာ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်တာကြောင့် နယ်သာလန်အသင်းကို ပြန်လည်ကိုင်တွယ်ဖို့ စဉ်းစားနေခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

04 Aug

ADVERTISE HERE .