“ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ရေယာဉ်အစင်းရေ ၆၀ စင်းဝင်ရောက်ဆိုက်ကပ်မည်”

04 Aug

ယခုဩဂုတ်လမှာ နိုင်ငံတကာကုန်သေတ္တာတင်ရေယာဉ်အစင်းရေ ၆၀ စင်းဝင်ရောက်ဆိုက်ကပ်မှာ ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရပါတယ်။ ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာကုန်သေတ္တာတင်သင်္ဘောများ လစဉ်ပုံမှန်ဝင်ရောက် ဆိုက်ကပ်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလမှ ဇူလိုင်လအထိ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် ၄၀၂ စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန်ဆိပ်ကမ်းဧရိယာမှာ အပြည်ပြည်ဆိုင်ရာရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်တဲ့ ဆိပ်ကမ်းတံတား ၂၇ စင်း၊ ရန်ကုန်သီလဝါအပြင် ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား ၁၉ စင်း စုစုပေါင်း ၄၆ စင်းဖြင့် ဝန်ဆောင်မှု ပေးနေခြင်းဖြစ်ပါတယ်။ ပြည်ပသို့ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ တိုးမြှင့်တင်သွင်းနိုင် ရေးတို့အတွက် ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များပြန်လည်တိုးချဲ့ ပြေးဆွဲရန် စီစဉ်ထားကြောင်းလည်း သိရပါတယ်။ (NVS 008)

04 Aug

ADVERTISE HERE .