“နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် မကြာမီရက်ပိုင်းအတွင်း ထိုင်းနိုင်ငံသို့တရားဝင်ခရီးစဉ်သွားရောက်မည်”

04 Aug

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင်ချာဝီရကွန် ၏ ဖိတ်ကြား ချက်အရ ထိုင်းနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတက ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ် ခြင်း၊ ထိုင်းနိုင်ငံအမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်းတို့ကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် နိုင်ငံတော်သမ္မတက စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံတွေ့ဆုံမည်ဖြစ်ပြီး စီးပွားရေးဖိုရမ်ကိုလည်းတက်ရောက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ နိုင်ငံတော်သမ္မတက ခရီးစဉ်အတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေးကိစ္စများ၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများကြား စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကိုဆွေးနွေးသွားမှာ ဖြစ်ကာ ခရီးစဉ်ကို နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

04 Aug

ADVERTISE HERE .