“အဝေးသင်ကျောင်းအပ်လက်ခံရက်ကို ဩဂုတ်လ ၁၄ ရက်အထိ တိုးမြှင့်ပေးထား”

04 Aug

၂၀၂၆ ပညာသင်နှစ် အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်လက်ခံခြင်းကို နောက်ဆုံးအကြိမ် အဖြစ် ဩဂုတ်လ ၁၄ ရက်အထိ ထပ်မံတိုးမြှင့်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပညာရေးဝန်ကြီးဌာနက ဇူလိုင်လကုန်အထိ ကျောင်းဝင်မှတ်ပုံတင်လက်ခံဆောင်ရွက်ပေးခဲ့ပြီးနောက် ကျောင်းသား/သူများ အဆင်ပြေစေရန် ယခုကဲ့သို့နောက်ဆုံးအကြိမ် ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ခြင်း ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်နှင့် ယခင်နှစ်များမှာ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသူများအနေနဲ့ ဩဂုတ်လ ၁၄ ရက်အထိ သက်ဆိုင်ရာ တက္ကသိုလ်များမှာ ကိုယ်တိုင်သွားရောက်၍ ကျောင်းဝင်မှတ်ပုံတင်နိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဩဂုတ်လ ၁၄ ရက်က ကျောင်းအပ်နှံခြင်းအတွက် နောက်ဆုံးသတ်မှတ်ရက်ဖြစ်ပြီး ယင်းရက်ကျော်လွန်ပါက မည်သည့်နည်းလမ်းနဲ့မျှ ကျောင်းအပ်လက်ခံပေးမှာမဟုတ်ကြောင်း အသိပေးထားပါတယ်။ ဒါကြောင့် ကျောင်းသား/ သူများအနေနဲ့ သတ်မှတ်ကာလအတွင်း အချိန်မီ ကျောင်းအပ်နှံကြရန် တိုက်တွန်းထားပါတယ်။ (NVS 008)

04 Aug

ADVERTISE HERE .