“လေးမျက်နှာမြို့နယ်ရေဘေးအတွက် ဆက်သွယ်နိုင်မည့်လူပုဂ္ဂိုလ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့အသိပေး”
04 Aug
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က လေးမျက်နှာမြို့နယ်ရေဘေးအတွက် ဆယ်သွယ်လှူဒါန်းနိုင်မယ့် လူပုဂ္ဂိုလ်များရဲ့ ဖုန်းနံပါတ်များကို အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်မှာ ဖြစ်ပွားလျက်ရှိသော ရေဘေးဖြစ်စဥ်နှင့်ပတ်သက်၍ ရေဘေးသင့်သူများကို ကူညီရန်အကြောင်းပြကာ လမ်းမများပေါ်မှာ မသမာသောနည်းလမ်းများနဲ့ ငွေကြေးလိုက်လံ အလှူခံနေမှုများကို တွေ့ရှိနေရပါတယ်။ ဒါကြောင့် ရေဘေးသင့်သူများအတွက် အလှူငွေနှင့် လူသုံးကုန်ပစ္စည်းများကို ဆက်သွယ်လှူဒါန်းနိုင်တဲ့ လူပုဂ္ဂိုလ်နှင့် ဖုန်းနံပါတ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(DDM)ရုံးများ၊မြန်မာနိုင်ငံကြက်ခြေနီအသင်း(RedCross) ဌာနချုပ်နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးများ၊ အစိုးရကထူထောင်ထားတဲ့ ရေဘေးကူညီရေးနှင့် ကယ်ဆယ်ရေးစခန်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး မှူးရုံးများသို့ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ (NVS 008)