“တိုက်ပွဲစီမံချက်ရေးဆွဲပြီး ပူးပေါင်းလေကြောင်းတိုက်ခိုက်မှုလုပ်နိုင်မည့် AI စနစ်ကို တရုတ်ပြသခဲ့”
04 Augတရုတ်နိုင်ငံပိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ CCTV သတင်းဌာနက AI နည်းပညာကို စစ်ဘက်မှာ အသုံးချနိုင် ခြင်းနှင့်ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းသည့်သတင်းတစ်ခုကို မှတ်တမ်းသဖွယ် ထုတ်လွှင့်သွားခဲ့သည်။ အဆိုပါ မှတ်တမ်းဗီဒီယိုမှာတော့ တပ်ဖွဲ့ပေါင်း ၁၀၀ ကျော်အထိပါဝင်တဲ့ တိုက်ပွဲစီမံချက်များကို ရေးဆွဲနိုင်သည့်အပြင် ပူးပေါင်းလေကြောင်းတိုက်ခိုက်မှုကိုပါ လုပ်ဆောင်နိုင်သည့် AI စနစ်ကို ထုတ်ဖော်ပြသသွားခြင်းဖြစ်သည်။ ထိုစနစ် ကို လက်ရှိမှာ တရုတ်လေတပ်ကအသုံးပြုနေခြင်းဖြစ်ပြီး အဆိုပါစနစ်ဖြင့် မြေပြင်တပ်မှူးများနှင့်တိုက်လေယာဉ် မှူးများသည် မည်သည့်ပစ်မှတ်များက အရေးကြီးကြောင်း ခွဲခြားသတ်မှတ်နိုင်မှာ ဖြစ်သလို တစ်သုတ်ပြီးတစ်သုတ် တိုက်ခိုက်မှုများကိုလည်း လုပ်ဆောင်နိုင်စေမှာ ဖြစ်သည်။ အထင်ရှားဆုံးအနေဖြင့် တပ်ဖွဲ့ပေါင်း ၁၀၀ ကျော်ရှိသည့် အထဲတွင် ဘယ်တပ်ဖွဲ့က ဘာတာဝန်ကိုလုပ်ဆောင်ရမည်ဆိုပြီး တိကျတဲ့ တာဝန်များကို ခွဲဝေသတ်မှတ် ပေးထား နိုင်သည်။ တရုတ်နိုင်ငံသည် ယခုလို AI နည်းပညာကို လက်တွေ့စစ်ဆင်ရေးနယ်ပယ်မှာ အသုံးချနိုင်ကြောင်း ထုတ်ဖော်ပြသလိုက်ခြင်းသည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏စစ်ဆင်ရေးများတွင် ခေတ်ရှေ့ပြေး နည်းပညာတွေကို ပေါင်းစပ်အသုံးပြုလာနိုင်နေပြီဆိုခြင်းကို ဖော်ပြလိုက်ခြင်း ဖြစ်သည်။ ထို့အပြင် များပြား လှသော ပလက်ဖောင်းများနှင့်လက်နက်စနစ်များ ပေါင်းစပ်ပါဝင်သည့် စနစ်များ၏ စနစ်စစ်ဆင်ရေးအယူအဆကို လည်း ကောင်းစွာအထောက်အပံ့ဖြစ်စေသည်။ အဆိုပါအစီအစဉ်ကို CCTV သတင်းဌာနက တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်တည်ထောင်မှု (၉၉) နှစ်မြောက်အထိမ်းအမှတ်အနေနဲ့ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း SCMP ဖော်ပြချက်အရ သိရသည်။