“အာရှအနောက်ပိုင်းဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အီရန်၊ ဆော်ဒီ နှင့်ပါကစ္စတန် အမြင်ချင်းဖလှယ်ဆွေးနွေး”

04 Aug

အာရှအနောက်ပိုင်းဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးထိန်းသိမ်းရေးအတွက် သံတမန်ဆိုင်ရာကြိုးပမ်း ဆောင်ရွက်ချက်များ၏ နောက်ဆုံးရလဒ်များနှင့်ပတ်သက်၍ အီရန် က ဆော်ဒီအာရေးဗျ၊ ပါကစ္စတန်နိုင်ငံများနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဩဂုတ်လ ၃ ရက် ထုတ်ပြန်ချက်အရ သိရ သည်။ အီရန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဆာယိအဗတ်အေရာချီသည် ဆော်ဒီအာရေးဗျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မင်းသား ဖေဇယ်ဘင်ဖာရန်အယ်လ်ဆာဒ်၊ ပါကစ္စတန်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆိုင်ယဒ်အာဆင်းမူနီရ်တို့နှင့် အဆိုပါကိစ္စရပ်များအပေါ် ဖုန်းဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန် ချက်အရ သိရသည်။ ဒေသအရေးဆောင်ရွက်ရာတွင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံရေးအရ အဖြေရှာ မှုများမှရရှိလာသည့် စွမ်းရည်များကို သုံးစွဲရန်လိုအပ်ကြောင်း အထက်ပါသုံးနိုင်ငံစလုံးမှ တာဝန်ရှိသူများက ပြောကြားသည်။ ဆွေးနွေးမှုများအတွင်း အမေရိကန်နိုင်ငံအား မည်သည့်စွန့်စားမှုမျိုးမှမပြုလုပ်ရန်နှင့် အီရန်အနေဖြင့် ၎င်း၏ အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေပိုင်ဆိုင်မှုနှင့် နိုင်ငံ၏လုံခြုံရေးတို့အတွက် ကာကွယ်စောင့်ရှောက်ရန် အသင့်ပြင်ထားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး က သတိပေးပြောကြားသည်။ အစ္စရေးနှင့်အမေရိကန် အပါ အဝင် အီရန်အား တိုက်ခိုက်လာမည့် ဒေသတွင်းမည်သည့်နိုင်ငံကိုမဆို အီရန်တပ်ဖွဲ့က တုံ့ပြန်တိုက်ခိုက်မည် ဖြစ် ကြောင်းနှင့်အဆိုပါတိုက်ခိုက်မှုများကို စွန့်စားသည့်နည်းလမ်းဖြင့် ဆောင်ရွက်လာပါက ထိုအစီအစဉ်များကို စီစဉ် ဆောင်ရွက်သည့် မည်သူ့တွင်မဆို တာဝန်ရှိကြောင်း ၎င်းက ပြောကြားသည်။ မကြာမီက လက်မှတ်ရေးထိုးခဲ့သည့် ငြိမ်းချမ်းရေးဆိုင်ရာနားလည်မှုစာချွန်လွှာအတိုင်း အမေရိကန်က လိုက်နာဆောင်ရွက်ရန် အီရန်က ဖိအားပေးမည် ဟု အီရန်သမ္မတ မာဆော့ပါဇက်ကီရန် က လူမှုမီဒီယာ အိက်စ်တွင် ပြောကြားသည်။ အဆိုပါ စာချွန်လွှာသည် အနာဂတ်ကာလ အီရန်နိုင်ငံ ပြည်ပဆက်ဆံရေး၏အဓိကဗဟိုချက်ဖြစ်လာမည်ဖြစ်ကြောင်းနှင့် အီရန်၊ အီရန်၏ မဟာမိတ်များနှင့် အနောက်အာရှဒေသများ၏လုံခြုံရေးသည် အဆိုပါနားလည်မှုစာချွန်လွှာအရ ကောင်းစွာရှိနေ မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

04 Aug

ADVERTISE HERE .