“ရုရှားက တစ်ရက်အတွင်းပစ်ချခဲ့သည့် တောင်ပံပုံသေဒရုန်းအစင်းရေ စံချိန်တင်ခဲ့ဟု ရုရှားမီဒီယာဖော်ပြ”

03 Aug

ရုရှားလေကြောင်းရန်ကာကွယ်ရေးစစ်သည်များသည် ဩဂုတ်လ ၂ ရက်တွင် ဒေသအများအပြား၌ တောင်ပံ ပုံသေဒရုန်းစုစုပေါင်း ၁,၁၅၈ စင်းကို ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထိုနေ့တွင် ထုတ်ပြန်သော တိုက်ပွဲအစီရင်ခံစာအရ သိရသည်။ Rossiya Segodnya သတင်းဌာနက ယင်းသည် အထူးစစ်ရေးလှုပ်ရှားမှု လုပ်ဆောင်လာချိန်မှစ၍ ရုရှားစစ်တပ်သည် အဆိုပါအမျိုးအစားဒရုန်းကို ပစ်ချခဲ့သည့်အရေအတွက် အများဆုံးနေ့ ဖြစ်ကြောင်း သတင်းဖော်ပြခဲ့သည်။ Rossiya Segodnya သတင်းဌာနက စုစုပေါင်းစာရင်းအချက်အလက်အရ ရုရှားစစ်တပ်က ထိုနေ့တွင် ပစ်ချ ခဲ့သော တောင်ပံပုံသေဒရုန်းအရေအတွက်သည် ယခင်ဇူလိုင်လ ၂၅ ရက်က ပစ်ချခဲ့သည့် ဒရုန်းအစင်းရေ ၁,၀၆၀ စင်း စံချိန်ကို စံချိန်သစ်တင်ခဲ့ကြောင်းသိရသည်။ ရုရှားစစ်တပ် တိုက်ပွဲအစီရင်ခံစာအရ ဩဂုတ်လ ၁ ရက် ညပိုင်းမှ ဩဂုတ် ၂ ရက် နံနက်ပိုင်းအထိ ရုရှားနိုင်ငံ အနောက်ပိုင်းရှိ Bryansk ပြည်နယ်၊ Volgograd ပြည်နယ်၊ Belgorod ပြည်နယ်စသည့် ဒေသဆယ်ခုကျော်တွင် ယူကရိန်းစစ်တပ်၏ ဒရုန်းတိုက်ခိုက်မှုခံခဲ့ရကြောင်း ဖော်ပြထားသည်။ ရုရှားအစိုးရ နျူကလီးယားအေဂျင်စီ ရော့ဆာတမ်(Rosatom) အမှုဆောင်အရာရှိချုပ် Alexey Likhachev က ယူကရိန်းစစ်တပ် ဒရုန်းတစ်စင်းသည် ဩဂုတ်လ ၁ ရက် ညပိုင်းတွင် ဇာပိုရေဇီးယား နျူကလီးယားဓာတ်အားပေး စက်ရုံ အမှတ်(၃)စက်အုပ်စုနှင့် မီတာအနည်းငယ်အကွာတွင်ရှိသော စင်္ကြံတစ်ခုကိုတိုက်ခိုက်ခဲ့ရာ ကံကောင်း ထောက်မစွာဖြင့် အဆိုပါဒရုန်းသည် ပေါက်ကွဲမှုမရှိသဖြင့် ထိခိုက်ပျက်စီးမှု မဖြစ်ခဲ့ကြောင်း၊ ရုရှားဘက်က အထက်ပါ ဖြစ်ရပ်အား အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA)ထံသို့ အသိပေးခဲ့ပြီးဖြစ်ကြောင်း ဩဂုတ်လ ၂ ရက်တွင် လူမှုမီဒီယာ၌ပြောကြားခဲ့သည်။ ရုရှားစစ်တပ် ဒရုန်းများသည် ထိုနေ့တွင် ယူကရိန်းစစ်တပ်အတွက် ပစ္စည်းများပို့ဆောင်ပေးသည့် သင်္ဘော တစ်စင်း၊ ယူကရိန်းစစ်တပ်အတွက် ပစ္စည်းနှင့် ကျည်ဆန်များပို့ဆောင်ပေးသည့် အဝေးထိန်းဒရုန်းပို့ဆောင်ရေး ကိရိယာ ၃ စင်းနှင့် ယူကရိန်းစစ်တပ်အတွက် ဝန်ဆောင်မှုပေးသည့် မော်တော်ယာဉ်ဆီဆိုင်တစ်ဆိုင်အား ဖျက်ဆီးခဲ့ ကြောင်း၊ ယူကရိန်းစစ်တပ် ရေဒါစခန်းတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း၊ ရုရှားစစ်တပ် တိုက်လေယာဉ်သည် ထိုနေ့တွင် ယူကရိန်းနိုင်ငံ Kharkiv ပြည်နယ်ရှိ ယူကရိန်းစစ်တပ် ဒရုန်းထိန်းချုပ်ရေးစခန်းနှစ်ခုကို ဖျက်ဆီးခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Repost from Xinhua Myanmar)

03 Aug

ADVERTISE HERE .