“အမေရိကန်-အီရန် ဆွေးနွေးမှု ပြန်လည်စတင်နိုင်ခြင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာကျဆင်း”
03 Aug
ဈေးကွက်က အမေရိကန်နှင့်အီရန်အကြား အသစ်တစ်ဖန်ဆွေးနွေးမှုများ အမြန်ဆုံး ပြန်လည်စတင်နိုင်သည် ဟူသော ခန့်မှန်းချက်များကြောင့် ကမ္ဘာ့ရေနံစိမ်းအနာဂတ်ဈေးနှုန်းသည် အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ဩဂုတ်လ ၂ ရက်ညနေပိုင်း အရောင်းအဝယ်သီတင်းပတ် အသစ်စတင်ပြီးနောက်ပိုင်း သိသိသာသာကျဆင်းခဲ့သည်။ အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဩဂုတ်လ ၂ ရက် ည ၇ နာရီအထိ၊ နယူးယောက်ကုန်စည်ဒိုင်၏ စက်တင်ဘာလအတွက် ပေးပို့ရမည့် အပေါ့စားရေနံစိမ်း အနာဂတ်ဈေးနှုန်းများသည် အနိမ့်ဆုံးအဖြစ် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၇၈ ဒေါ်လာအထိကျဆင်းရာ ယင်းမှာ လွန်ခဲ့သည့် အရောင်းအဝယ်နေ့ ဈေးကွက် ပိတ်သိမ်းချိန်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၉ ဒေါ်လာဖြင့် ၆ ဒသမ ၉၆ ရာခိုင်နှုန်း ကျဆင်း ခဲ့သည်။ အောက်တိုဘာလအတွက် ပေးပို့ရမည့် လန်ဒန်ဘရန့် ရေနံစိမ်းအနာဂတ်ဈေးနှုန်းသည် အနိမ့်ဆုံးအဖြစ် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၅၅ ဒေါ်လာအထိကျဆင်းခဲ့ရာ ယင်းမှာ လွန်ခဲ့သည့် အရောင်းအဝယ်နေ့ ဈေးကွက်ပိတ်သိမ်းချိန်နှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၈ ဒေါ်လာဖြင့် ၇ ဒသမ ၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ယခုသတင်းထုတ်ပြန်သည့်အချိန်အထိ နယူးယောက်ကုန်စည်ဒိုင်၏ စက်တင်ဘာလအတွက် ပေးပို့ရမည့် အပေါ့စား ရေနံစိမ်းအနာဂတ်ဈေးနှုန်းနှင့် အောက်တိုဘာလအတွက်ပေးပို့ရမည့် လန်ဒန်ဘရန့်ရေနံစိမ်း အနာဂတ် ဈေးနှုန်း ကျဆင်းမှုနှုန်းမှာ ၄ ရာခိုင်နှုန်းဝန်းကျင် ကျဉ်းမြောင်းသွားသည်။ အမေရိကန်သမ္မတ ထရမ့် က ဩဂုတ်လ ၂ ရက် ညနေပိုင်းတွင် သမ္မတအထူးလေယာဉ်၌ မီဒီယာများကို အမေရိကန်နိုင်ငံအနေဖြင့် နောက်တစ်နေ့တွင် အီရန်နှင့်ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုမတိုင်မီ တစ်ရက်က အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုများ ဖျက်သိမ်းလိုက်ကြောင်း ထရမ့် က ကြေညာခဲ့သည်။ ယခုသတင်းထုတ်ပြန်သည့်အချိန်အထိ အီရန်ဘက်က ထိုအပေါ်တုံ့ပြန်ခြင်း မရှိသေးပေ။ ရေနံတင်ပို့သော နိုင်ငံများအသင်း(OPEC)က ဩဂုတ်လ ၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ OPEC+ အဓိကရေနံထုတ်လုပ်သည့် နိုင်ငံပေါင်း ၇ နိုင်ငံက စက်တင်ဘာလတွင် နေ့စဉ်ပျမ်းမျှ ရေနံစိမ်းစည်ပေါင်း ၁၈၈,၀၀၀ စည် ထပ်တိုးထုတ်လုပ် မည်ဟုဆုံးဖြတ်ခဲ့ပြီး ဈေးကွက်တည်ငြိမ်အောင် ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ထပ်လောင်း ပြောကြား ခဲ့သည်။ (Repost from Xinhua Myanmar)