ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ သား/ငါးနှင့် ကြက်ဥများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ ပေးလျက်ရှိ

03 Aug

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှာ ကြက်၊ ဝက်၊ သိုး၊ ဆိတ်၊ အမဲသား၊ ငါးနှင့် ကြက်ဥများကို သက်သာသောဈေးနှုန်းများဖြင့် မြို့နယ်များအလိုက် အလှည့်ကျစနစ်ဖြင့် ရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။ ပြည်သူများရဲ့ စားသောက်ကုန်ကျစရိတ်သက်သာပြီး စားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်စေရန်အတွက် ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ညွှန်ကြားမှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး‌ကော်မတီမှ သား/ငါး များအား မြို့နယ်များအလိုက် ရောင်းချပေးလျက်ရှိပါတယ်။ အဆိုပါ အသား/ငါးများရောင်းချရာတွင် တစ်ပိဿာအလိုက်ဈေးနှုန်းများမှာ အမဲသား ၂၆၀၀၀ ကျပ်၊ သိုး/ဆိတ် ၆၅,၀၀၀ ကျပ်၊ ဝက် ၂၈,၀၀၀ ကျပ်၊ ကြက် ၁၃,၅၀၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၅၅၀ ကျပ်တို့ဖြင့် မြို့နယ်များအလိုက် အလှည့်ကျစနစ်ဖြင့် တာဝန်ခံများဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရပါတယ်။

03 Aug

ADVERTISE HERE .