“မူဒရစ် ဘောလုံးကစားနိုင်ဖို့ အချိန်ယူရမယ်လို့ ပြောကြားခဲ့တဲ့ နည်းပြ အလွန်ဆို”
03 Aug
ချဲလ်ဆီးအသင်းနည်းပြ ရှာဘီအလွန်ဆို က တားမြစ်ဆေးပြစ်ဒဏ်က ကင်းလွတ်သွားပြီဖြစ်တဲ့ ကွင်းလယ် တိုက်စစ်ကစားသမား မူဒရစ် ဘောလုံးပြန်ကစားဖို့ အချိန်ယူရမယ်လို့ ပြောကြားခဲ့ပါတယ်။ မူဒရစ် ဟာ ချဲလ်ဆီးအသင်းနဲ့ ရာသီကြိုခရီးစဉ်မှာ လာရောက်ပူးပေါင်းသွားမယ်လို့ သိရတယ်။ မူဒရစ် ဟာ တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိရတဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကတည်းက ပွဲကစားခဲ့ခြင်းရပ်နားခံရတာ ဖြစ်ပါတယ်။ မူဒရစ် အနေနဲ့ လေးနှစ်ပိတ်ပင်ခံရပေမယ့် အယူခံဝင်ခဲ့လို့ တစ်နှစ်နဲ့ ရှစ်လအကြာမှာ ဘောလုံးကစားခွင့် ပြန်ရခဲ့ပါတယ်။ အလွန်ဆို က အသင်းလူစာရင်းထဲ မူဒရစ် ပြန်ရောက်လာတာကြောင့် ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)
03 Aug