“အပြောင်းအရွှေ့တွေ ထပ်ဖြစ်လာဖို့ မျှော်လင့်တယ်လို့ အာတေတာ ပြောကြား”
03 Aug
အာဆင်နယ်အသင်းနည်းပြ အာတေတာ က နွေရာသီအပြောင်းအရွှေ့ကာလ မပိတ်သိမ်းခင် အပြောင်းအရွှေ့တွေ ထပ်ဖြစ်လာဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အာတေတာ က ရီးရဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်နဲ့ ချိတ်ဆက်မှုကိုတော့ ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။ အာဆင်နယ်အသင်းက ဗင်နီစီယပ်စ် ကို စိတ်ဝင်စားနေပြီး ခေါ်ယူနိုင်ရန် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဗင်နီစီယပ်စ် ဟာ ရီးရဲလ်အသင်းနဲ့ လာမယ့်ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု မရသေးဘဲ ရီးရဲလ်အသင်းကလည်း ထပ်မံကမ်းလှမ်းမယ့် အစီအစဉ် မရှိပါဘူး။ ရီးရဲလ်အသင်းအနေနဲ့ ဗင်နီစီယပ်စ် ကို စာချုပ်သစ် မချုပ်ဆိုနိုင်ရင် အခုနွေရာသီကာလမှာပဲ ရောင်းချသွားဖို့ များပါတယ်။ (NVS 008)
03 Aug