“ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည်”

03 Aug

(၃၉) ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြန်မာအမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း လက်ရွေးစင်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ကို သြဂုတ်လ ၃ ရက်မှ ၁၁ ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Fashion Island Tetminal -21 ၌ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို နိုင်ငံပေါင်း ၁၉ နိုင်ငံက အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အမျိုးအစား ခြောက်မျိုးထည့်သွင်းကျင်းပမှာ ဖြစ်ကြောင်း သိရပါတယ်။ မြန်မာပိုက်ကျော်ခြင်းအဖွဲ့ဟာ ပြိုင်ပွဲကို အုပ်ချုပ်၊ နည်းပြ ခြောက်ဦး၊ အမျိုးသား ကစားသမား ၁၅ ဦး၊ အမျိုးသမီး ကစားသမား ကိုးဦးတို့နဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ မြန်မာအမျိုးသားပိုက်ကျော်ခြင်းအသင်းဟာ သုံးယောက်တွဲ(Men Team Regu)၊ လေးယောက်တွဲ(Men Quadrant)နဲ့ ကွင်းသွင်းခြင်းခတ်(Men Hoop)အမျိုးအစားတို့မှာ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ မြန်မာအမျိုးသမီး ပိုက်ကျော်ခြင်းအသင်းဟာ နှစ်ယောက်တွဲ(Women Doublr)၊ လေးယောက်တွဲ(Women Quadrant) နဲ့ ကွင်းသွင်းခြင်းခတ်(Women Hoop) အမျိုးအစားတို့၌ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ (NVS 008)

03 Aug

ADVERTISE HERE .