“ မူအာနီ ကို ယူရို ၃၈ သန်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့တဲ့ ဂျူဗင်တပ်စ်အသင်း”

03 Aug

ဂျူဗင်တပ်စ်အသင်းဟာ PSG အသင်းက ပြင်သစ်တိုက်စစ်ကစားသမား မူအာနီ ကို ယူရို ၃၈ သန်းနဲ့ ခေါ်ယူပြီး ၂၀၃၁ ခုနှစ်အထိ ၅ နှစ်စာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။ PSG အသင်းက မူအာနီ ကို ၂၀၂၃ နွေရာသီမှာ ဖရန့်ဖတ်အသင်းကနေ ကနဦးပြောင်းရွှေ့ကြေး ယူရို ၇၅ သန်းနှင့် အပိုဆုကြေး ယူရို ၁၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပေမယ့် နည်းပြ အန်နရီကေး ရဲ့ အနာဂတ်စီမံကိန်းမှာ ပါဝင်ခြင်းမရှိတော့တာကြောင့် ရောင်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ မူအာနီ က ၂၀၂၅ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ဖူးသလို ပြီးခဲ့တဲ့ရာသီမှာလည်း စပါးအသင်းထံ အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ပါတယ်။ စပါးအသင်းမှာ ပြိုင်ပွဲစုံ ၄၁ ပွဲကစားပြီး ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် ဂျူဗင်တပ်စ်အသင်းမှာတော့ ၂၂ ပွဲကစားပြီး ၁၀ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဂျူဗင်တပ်စ် အသင်းက အပြီးသတ်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

03 Aug

ADVERTISE HERE .