“စထရာဘိုးအသင်းကစားသမား ဘာကို ကို ၂၀၃၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တဲ့ ချဲလ်ဆီးအသင်း”

03 Aug

ချဲလ်ဆီးအသင်းဟာ လက်ရှိနွေရာသီမှာ ၇ ဦးမြောက်ကစားသမားသစ်အဖြစ် စထရာဘိုးအသင်းကစားသမား ဘာကို ကို ခေါ်ယူလိုက်ကြောင်း သိရပါတယ်။ ချဲလ်ဆီးအသင်းက ဘာကို အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်း ပေးချေခဲ့ရပြီး ၂၀၃၃ ခုနှစ်အထိ သက်တမ်းရှိတဲ့ ၇ နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။ ဘာကို ဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ ဆင်နွှဲခွင့်ရခဲ့ပြီး ဂျော်ဒန်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားခွင့် ရခဲ့ပါတယ်။ အင်္ဂလန်နဲ့ပွဲမှာ ကစားခွင့်မရခဲ့ပေမယ့် ပွဲအပြီးမှာ ပြိုင်ဘက်ကစားသမားတွေကြားထဲ ပြေးလွှားအောင်ပွဲခံခဲ့တာကြောင့် ဘယ်လင်ဂမ် က ခေါင်းကိုရိုက်တာ ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ ဘာကို က ဘရိုက်တန်အသင်းရဲ့ ကစားသမားဟောင်းဖြစ်ပြီး ၂၀၂၅ နွေရာသီမှာ စထရာဘိုးအသင်းကို အပြီးသတ်ပြောင်းရွှေ့ခဲ့တာပါ။ ဘာကို က စထရာဘိုးအသင်းအတွက် ပြိုင်ပွဲစုံ ၅၈ ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး ၃ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်နိုင်ခဲ့ကြောင်းသိရပါတယ်။ ချဲလ်ဆီးအသင်းနဲ့ စထရာဘိုးအသင်းတို့က ပိုင်ရှင်တူအသင်းတွေ ဖြစ်တာကြောင့် နှစ်သင်းကြားအပြောင်းအရွှေ့ဖြစ်ပေါ်မှု များပြားနေ ခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 008)

03 Aug

ADVERTISE HERE .