“အိုပက်ပလက်စ်(OPEC+)က စက်တင်ဘာလအတွင်း တစ်ရက်လျှင် ရေနံစည် ၁၈၈ဝဝဝ တိုးမြှင့်ထုတ်လုပ်မည်”
03 Aug
ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (OPEC+) အဖွဲ့ဝင် ခုနစ်နိုင်ငံသည် စက်တင်ဘာလအတွင်း တစ်ရက်လျှင် ရေနံစည်ပေါင်း ၁၈၈,၀၀၀ အထိ ထုတ်လုပ်မှုတိုးမြှင့်ရန် ဩဂုတ်လ ၂ ရက်တွင် သဘောတူညီခဲ့ကြကြောင်း အဖွဲ့၏ အွန်လိုင်းအစည်းအဝေးအပြီး ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါဆုံးဖြတ်ချက်ကို ဆော်ဒီအာရေဗျ၊ ရုရှား၊ အီရတ်၊ ကူဝိတ်၊ ကာဇက်စတန်၊ အယ်လ်ဂျီးရီးယားနှင့်အိုမန်နိုင်ငံတို့ ပါဝင်တက်ရောက်ခဲ့သည့် အစည်းအဝေး အပြီး ကြေညာခဲ့ခြင်းဖြစ်သည်။ OPEC+ တွင် ရေနံတင်ပို့သည့် နိုင်ငံများအဖွဲ့ (OPEC) ၏အဖွဲ့ဝင်နိုင်ငံများနှင့် ၎င်းတို့၏ မိတ်ဖက်နိုင်ငံများ ပါဝင်ကြောင်း သိရသည်။ OPEC+ သည် ၂၀၂၃ ခုနှစ် ဧပြီလတွင် တစ်ရက်လျှင် ရေနံစည်ပေါင်း ၁ ဒသမ ၆၅ သန်း ထုတ်လုပ်မှုလျှော့ချခြင်းကို ပထမဆုံးကြေညာခဲ့ပြီး ယင်းအစီအစဉ်ကို ၂၀၂၆ ခုနှစ် နှစ်ကုန်အထိ သက်တမ်းတိုးခဲ့ ကြောင်း သိရသည်။ ယခုဆုံးဖြတ်ချက်သည် OPEC+ က ထုတ်လုပ်မှုတိုးမြှင့်သည့် ခြောက်လမြောက် ဆက်တိုက် ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။