“အီရန်အပေါ်တိုက်ခိုက်မယ့် အစီအစဉ်ကို အမေရိကန်ဖျက်သိမ်း”

03 Aug

အီရန်နိုင်ငံအပေါ် ပြင်းထန်စွာတိုက်ခိုက်မှုလုပ်သွားမယ့် အစီအစဉ်ကို အမေရိကန်ဘက်က ဖျက်သိမ်းလိုက် သည်။ ဆွေးနွေးမှုရဲ့ရလဒ်များအရ ဟော်မုရေလက်ကြားကို ပြန်ဖွင့်နိုင်တော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် က ပြောပြီးနောက် အီရန်အပေါ်တိုက်ခိုက်မယ့်အစီအစဉ်ကို ဖျက်သိမ်းခဲ့တာဖြစ်သည်။ အမေရိကန်နဲ့အစ္စရေးတို့ပူးပေါင်းပြီး အီရန်နိုင်ငံရဲ့စွမ်းအင်ဆိုင်ရာအဆောက်အအုံများကို ပြင်းထန်စွာဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်ရန်ပြင်ဆင်နေကြောင်း CBS သတင်းဌာနကလည်း ဖော်ပြခဲ့သည်။ တိုက်ခိုက်သွားမည့် ပစ်မှတ်များထဲတွင် ဓာတ်အားပေးစက်ရုံများ၊ ရေနံချက်စက်ရုံများ ပါဝင်သည့်အပြင် အမေရိကန်စစ်ဘက် တာဝန်ရှိသူများက အီရန်နိုင်ငံတစ်ဝန်း လျှပ်စစ်မီးဖြတ်တောက်ရန်အထိ ဆွေးနွေးထားတယ်လို့ သိရသည်။ အမေရိကန်နိုင်ငံသည် ပစ်မှတ်ကို ချိန်ရွယ်ထားစဉ်မှာပင် အီရန်နိုင်ငံနှင့်အရှေ့အလယ်ပိုင်းနိုင်ငံများက ယခု ကဲ့သို့ တိုက်ခိုက်မှုမလုပ်ဆောင်ရန် တောင်းဆိုခဲ့ခြင်းဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က လူမှုမီဒီယာမှာ ဖော်ပြခဲ့သည်။ ယခုသဘောတူညီမှု ရရှိလိုက်သည့်အချက်များတွင် ဟော်မုရေလက်ကြားကို အပြည့်အဝ၊ အလုံးစုံနှင့်ချက်ချင်း ပြန်ဖွင့်ပေးရေး၊ အီရန်၏နျူကလီးယားခြိမ်းခြောက်မှုကို အဆုံးသတ်ရေးတို့ ပါဝင်တယ်လို့ ထရမ့်က ပြောသည်။ သို့ပေမဲ့ ယခုလိုတိုက်ခိုက်မှုတွေ လုပ်ဆောင်ရန် ရပ်ဆိုင်းလိုက်ရခြင်းသည် အီရန်နိုင်ငံရဲ့ တောင်းဆိုချက်ကြောင့် ဖြစ်တယ်ဆိုသော စကားကိုတော့ အီရန်အစိုးရဘက်က ငြင်းဆိုထားပြီး ထိုပြောဆိုချက်သည် အမေရိကန်၏ လိမ်ညာပြောဆိုမှုအသစ်သာဖြစ်တယ်လို့ အီရန်စစ်ဘက်မှတာဝန်ရှိသူများက ပြောထားကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

03 Aug

ADVERTISE HERE .