“ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ငွေကျပ်သိန်း ၁,၈၀၀ ကျော်တန်ဖိုးရှိ အမြန်သွားရေယာဉ်လွှဲပြောင်းပေးအပ်”
03 Aug
ပဲခူးတိုင်းအစိုးရအဖွဲ့အစီအစဉ်ဖြင့် ဝယ်ယူထားတဲ့ ငွေကျပ်သိန်း ၁,၈၀၀ ကျော်တန်ဖိုးရှိ အမြန်သွား ရေယာဉ်(Fiber Glass Boat)ကို တိုင်းရဲတပ်ဖွဲ့ထံ သြဂုတ်လ ၁ ရက်က လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမြန်သွားရေယာဉ်(Fiber Glass Boat)ကို ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲမှူးကြီး တင်မျိုးထူး ထံလွှဲပြောင်းပေးအပ်ပြီး အမြန်သွားရေယာဥ်ကို ဧရာဝတီမြစ် အတွင်း စမ်းသပ်မောင်းနှင်မှုအားကြည့်ရှုခဲ့ကြောင်း သိရပါတယ်။ အဆိုပါအမြန်သွားရေယာဉ်(Fiber Glass Boat)က ငွေကျပ်သိန်း ၁,၈၀၀ ကျော်တန်ဖိုးရှိပြီး ဧရာဝတီမြစ် အတွင်း တရားမဝင်ပစ္စည်းများဖမ်းဆီးရမိရေး၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တိုင်းရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေး အပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ အမြန်သွားရေယာဉ်(Fiber Glass Boat)သည် အလျား ၂၇ ပေ၊ အနံ ၉ ပေ၊ အမြင့် ၄ ပေ ၆ လက်မ၊ ရေစူး ၁ ပေ၊ အင်ဂျင်အမျိုးအစား Suzuki DF-200A (2003F-244843) (Japan)ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)