“လေးမျက်နှာမြို့နယ် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းသုံး ကားနှင့်စက်လှေများအတွက် စက်သုံးဆီများကို ရောင်းချပေးမည်”
03 Aug
“လေးမျက်နှာမြို့နယ် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းသုံးကားနှင့်စက်လှေများအတွက် စက်သုံးဆီများကို ဟင်္သာတမြို့ရှိ စက်သုံးဆီအရောင်းဆိုင် ၉ ဆိုင်မှာ အလွယ်တကူရောင်းချပေးမည်ဖြစ်ကြောင်း သိပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရပါတယ်။ ကူညီကယ်ဆယ်မှုများပြုလုပ်ပေးရာ၌ လူမှုရေးအသင်းအဖွဲ့များအ သုံးပြုလျက်ရှိသော ကားနှင့် စက်လှေ များအတွက် စက်သုံးဆီများကို ဟင်္သာတမြို့ရှိ စက်သုံးဆီအရောင်းဆိုင် ၉ ဆိုင်မှာ ဝယ်ယူနိုင်တယ်လို့ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးထားပါတယ်။ (NVS 004)
03 Aug