“ခမ်းပါတ်မြို့သို့ အစိုးရဌာနဆိုင်ရာဝန်ထမ်းများနှင့် ကူညီထောက်ပံ့ရေးပစ္စည်းများရောက်ရှိ”

03 Aug

ပြန်လည်တည်ငြိမ်အေးချမ်းလာတဲ့ ခမ်းပါတ်မြို့သို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ပြန်လည်ထူထောင် ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများ သြဂုတ်လ ၁ ရက်မှာ ရောက်ရှိလာခဲ့ပါတယ်။ အစိုးရ၏အုပ်ချုပ်မှု ယန္တရားလည်ပတ်နိုင်ရန်၊ ဌာနဆိုင်ရာရုံးများ အင်အားဖြည့်ပြန်လည်ဖွင့်လှစ်နိုင်ရန်၊ စာသင်ကျောင်းများ၊ ဆေးရုံများဖွင့်လှစ်နိုင်ရန်တို့အတွက် ဌာနဆိုင်ရာဝန်ထမ်း ၃၅ ဦး၊ မှီခို ၂ ဦးတို့က ကူညီထောက်ပံ့ ရေးပစ္စည်းများနှင့်အတူရောက်ရှိလာရာ နယ်မြေခံတပ်နယ်မှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံများက ကြိုဆိုခဲ့ကြ ကြောင်း သိရပါတယ်။ လက်ရှိအချိန်၌ စစ်ရေးပဋိပက္ခဖြစ်ပွားချိန်က မြို့မှယာယီစွန့်ခွာသွားခဲ့ကြသော ခမ်းပါတ်မြို့ ဒေသခံများလည်း နေရပ်သို့ ပြန်လည်ဝင်ရောက်လာလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

03 Aug

ADVERTISE HERE .