“မော်လမြိုင် မုယောင်းအမှိုက်ကျင်း၌ သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ရန် မွန်ပြည်နယ်စည်ပင် အဆိုပြုလွှာ ဖိတ်ခေါ်”

03 Aug

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုယောင်းအမှိုက်ကျင်းဧရိယာအတွင်း ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုဖြင့် သဘာဝ မြေဩဇာ (Waste to Compost)စက်ရုံ တည်ဆောက်ထုတ်လုပ်ရန် စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသား လုပ်ငန်းရှင် များအနေနဲ့ စိတ်ဝင်စားမှုအဆိုပြုလွှာ တင်သွင်းနိုင်ကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဖိတ်ခေါ်ထား ရှိပါတယ်။ အဆိုပါ လျှောက်လွှာများကို လာမည့် ဩဂုတ်လ ၃ ရက်မှ ၁၄ ရက်အထိ ရုံးချိန်အတွင်း ကျပ် ၅၀,၀၀၀ နှုန်းဖြင့် ဝယ်ယူနိုင်ပြီး၊ ဩဂုတ်လ ၁၉ ရက် ညနေ ၄ နာရီခွဲ နောက်ဆုံးထား၍ မော်လမြိုင်မြို့၊ မောင်ငံရပ်၊ ကျိုက္ခမီ လမ်းရှိ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ တင်သွင်းရမှာဖြစ်ပါတယ်။ အဆိုပြုလွှာ ဖွင့်လှစ်မည့်ရက်ကို ထပ်မံအကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်များ သိရှိလိုပါက မွန်ပြည်နယ်စည်ပင် သာယာရေး အဖွဲ့ရုံးသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)

03 Aug

ADVERTISE HERE .