“လေးမျက်နှာမြို့နယ် ရေဘေးကယ်ဆယ်ရေး၌ အဆင့်မြင့်နည်းပညာအသုံးပြုကာ စောင့်ကြည့်ကူညီ”

03 Aug

ဧရာဝတီတိုင်း‌ဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရပ်ကွက်/ ကျေးရွာ ၁၄ ခု အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ရေဘေးသင့်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ကူညီရွှေ့ပြောင်းခြင်းများကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရပါတယ်။ အဆိုပါကူညီရွှေ့ပြောင်းပေးရာတွင် ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ Manpack (ကျောလွယ် ဂြိုလ်တုဆက်သွယ်ရေးစနစ်)ဖြင့် သမာရိုးကျ မြေပြင်ဆက်သွယ်ရေးစနစ်များမရှိသော ဆက်သွယ်မှုပြတ်တောက် ထားတဲ့ အခြေအနေများတွင် ဆက်သွယ်မှုရရှိနိုင်ရန် သယ်ဆောင်အသုံးပြုနိုင်သည့် ဂြိုလ်တုဆက်သွယ်ရေးစနစ်၊ အသံစနစ်၊ တိုက်ရိုက်ရုပ်မြင်စနစ်များဖြင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး Command and Control Center (C3)မှလည်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ၊ ကူညီရွှေ့ပြောင်းခြင်းလုပ်ငန်းများနှင့် မြေပြင်အခြေအနေအား စောင့်ကြည့်ကူညီပေးလျက်ရှိနေကြောင်း သိရပါတယ်။ (NVS 004)

03 Aug

ADVERTISE HERE .