“(၃၉) ကြိမ်မြောက် KING'S CUP ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုမဲခွဲမှုပြီးစီး”

02 Aug

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၉)ကြိမ်မြောက် KING'S CUP ပိုက်ကျော်ခြင်း ပြိုင်ပွဲအုပ်စုမဲခွဲမှု ပြီးစီးခဲ့ပြီး အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်ထိုင်းနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည်ရာ ပြိုင်ပွဲကို ဩဂုတ်လ ၄ ရက်မှ ၁၁ ရက်ထိ ကျင်းပသွားမှာြဖစ်ပါတယ်။ (၃၉)ကြိမ်မြောက် KING'S CUP ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းက အုပ်စု(B)တွင် ပါကစ္စတန်၊ အိန္ဒိယအသင်းတို့နှင့် ကျရောက်ခဲ့ပြီး အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲ အုပ်စု(B)တွင် တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ အိန္ဒိယအသင်းတို့နှင့် ကျရောက်နေခဲ့ပါတယ်။ အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းက အုပ်စု(C)တွင် ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ မလေးရှားအသင်းတို့နှင့် ကျရောက်နေပြီး အမျိုးသားသုံးယောက်တွဲပြိုင်ပွဲ အုပ်စု(C)တွင် ဆော်ဒီအာရေဗျ၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ တရုတ်(တိုင်ပေ)အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ မြန်မာအမျိုးသားအသင်းတွင် ထူးအောင်ကျော်၊ ဟန်ဝင်းထွဋ်၊ ထွန်းဝဏ္ဏအောင်၊ အောင်ဇော်ဟိန်း၊ ရဲထက်၊ ချစ်လွန်းပို၊ အောင်မျိုးကျော်၊ ကျော်မင်းသူ၊ ဇော်မင်းခန့်၊ အောင်အောင်၊ ရန်ပိုင်စိုး၊ သက်ပိုင်စိုး၊ ဇင်လင်းထူးတို့ ပါဝင်ပြီး အမျိုးသမီးအသင်းတွင် ချယ်ရီလင်းသစ်၊ ယဉ်ယဉ်ဌေး၊ စန်းသီတာမိုး၊ ဖူးဖူး၊ ဆုမွန်ကျော်၊ နှင်းနှင်းဝေ၊ နန့်မေသူထွေး၊ ရွှင်းလဲ့ဇင် တို့ပါဝင်ကစားမှာဖြစ်ပါတယ်။(NVS 008)

02 Aug

ADVERTISE HERE .