“ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးသမားများဆေးကုသမှုအတွက် စည်းမျဉ်းသစ်စတင်အသုံးပြုမည်”
02 Aug
ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ဩဂုတ်လ ၂၂ ရက်တွင်ကျင်းပမည့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှစတင်ပြီး ဂိုးသမားများ ဆေးကုသမှုများအတွက် စည်းမျဉ်းသစ်ကို စတင်အသုံးပြုမည်ဖြစ်ကြောင်း 365 Scores သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ ပါတယ်။ အစောပိုင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးသမားများ ပွဲချိန်အတွင်းဒဏ်ရာရရှိခဲ့ပါက ဆေးအဖွဲ့အနေဖြင့် ဆေးကုသမှုကို အချိန်အကန့်အသတ်မရှိ လုပ်ဆောင်နိုင်ပြီး အခြားကန့်သတ်ချက်များလည်းမရှိဘဲ ဆေးကုသမှု လုပ်ဆောင်နိုင်ခြင်းဖြစ်ပါတယ်။ သို့သော် ဂိုးသမားများအတွက် ဆေးကုသမှုစည်းမျဉ်းသစ်အရ ဂိုးသမားတစ်ဦး ဒဏ်ရာ ရရှိပါက အသင်းဆေးအဖွဲ့က ကွင်းအတွင်းဝင်ရောက်ကာ ဆေးကုသမှုပြုလုပ်လျှင် ဆေးကုသမှုခံယူသည့်အသင်းမှ ပွဲထွက် ကစားသမားတစ်ဦးကို ကွင်းပြင်ပသို့ တစ်မိနစ်ကြာ ထွက်ပေးရမှာဖြစ်ပါတယ်။ အဆိုပါကွင်းပြင်ပတွင် တစ်မိနစ်ကြာ ထွက်ပေးရမည့်ကစားသမား၏ အမည်စာရင်းကိုလည်း ပွဲစဉ်ကြီးကြပ်သူ များထံသို့ ၁၀ စက္ကန့်အတွင်း အမည်စာရင်းပေးသွင်းရမည်ဖြစ်ပြီး ၁၀ စက္ကန့်အတွင်း အမည်စာရင်းမပေးနိုင်ပါက ဆေးကုသမှုခံယူသည့်အသင်းမှ အသင်းခေါင်းဆောင်က ကွင်းပြင်ပတွင် တစ်မိနစ်ကြာ ထွက်ခွာစောင့်ဆိုင်းရမည် ဖြစ်ကြောင်း သိရပါတယ်။(NVS 008)