“နယူးကာဆယ်အသင်းနည်းပြရာထူးက အက်ဒီဟောင်း နုတ်ထွက်”

02 Aug

နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်း က အသင်းနည်းပြရာထူးကနေ နုတ်ထွက်သွားခဲ့ပြီဖြစ်ကြောင်း နယူးကာဆယ်အသင်းက ကြေညာခဲ့ပါတယ်။ အသက် ၄၈ နှစ်အရွယ် နည်းပြ အက်ဒီဟောင်း အနေနဲ့ အသင်းကို ငါးနှစ်နီးပါးကြာ တာဝန်ယူခဲ့ပြီးနောက် လမ်းခွဲခဲ့တာဖြစ်ပါတယ်။ ၎င်းဟာ နယူးကာဆယ်အသင်းကို နှစ် ၇၀ အတွင်း ပထမဆုံးမေဂျာဖလားအဖြစ် ၂၀၂၄-၂၅ ရာသီမှာ လိဂ်ဖလားရယူပေးခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နှစ်ကြိမ်ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ နယူးကာဆယ်အသင်းက နည်းပြသစ်ရှာဖွေရေးကို လုပ်ဆောင်နေကြောင်းနဲ့ ဆော်ဒီကလပ် အယ်လ်အာလီအသင်းက အသက် ၃၈ နှစ်ရှိ ဂျာမန်လူမျိုးနည်းပြ မာသီးယက်စ်ယိုင်ဆယ် က အသင်းနည်းပြသစ် ဖြစ်လာရန် ရေပန်းစားလျက်ရှိကြောင်း သိရပါတယ်။(NVS 008)

02 Aug

ADVERTISE HERE .