“ကန့်ကွက်မှုများ မြင့်တက်လာခဲ့လို့ ရှယ်ယာရောင်းချမယ့်အစီအစဉ်ကို ဖျက်သိမ်းကြောင်း အင်ဖန်တီနို ပြောကြား”

02 Aug

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဥက္ကဋ္ဌ အင်ဖန်တီနို က ကမ္ဘာ့ဖလားအပါအဝင် မေဂျာပြိုင်ပွဲတွေရဲ့ အငြင်းပွားဖွယ် ရှယ်ယာရောင်းချမယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ၎င်းအား ရာထူးက နုတ်ထွက်ခိုင်းမှုအပါအဝင် ဝေဖန်မှုတွေ များစွာထွက်ပေါ်လာနေလို့ FIFA က လက်လျှော့ ခဲ့ရတာဖြစ်ပါတယ်။ အင်ဖန်တီနို က အဆိုပါစီမံကိန်းက ကွဲပြားမှုတွေ များစွာဖန်တီးခဲ့ပြီး မူလရည်မှန်းချက်နဲ့ လုံးဝ မကိုက်ညီတော့ကြောင်း သုံးသပ်ခဲ့ပါတယ်။ ၎င်းက ရလဒ်အနေနဲ့ ဒီအဆိုပြုချက်ကို ဆက်လက်လုပ်ဆောင်တော့မှာ မဟုတ်ဘူးလို့လည်း ဝန်ခံခဲ့ပါတယ်။ FIFA က အဖွဲ့ဝင်နိုင်ငံ ၂၁၁ နိုင်ငံအား အဆိုပါစီမံကိန်းအပေါ် ထောက်ခံပါက ဒေါ်လာ သန်း ၄၀ ပေးမယ်လို့ စည်းရုံး ခဲ့တာလည်းဖြစ်ပါတယ်။ သို့သော်လည်း ဥရောပဘောလုံးအဖွဲ့ချုပ်အပြင် တောင်အမေရိကနှင့် အာရှဘောလုံးအဖွဲ့ချုပ် တို့ကလည်း ကန့်ကွက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ရှယ်ယာများ သတ်မှတ်ရောင်းချမည့် အစီအစဉ်ကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရပါတယ်။(NVS 008)

02 Aug

ADVERTISE HERE .