“ဘောလုံးကစားခွင့် ပြန်လည်ရရှိခဲ့တဲ့ မူဒရစ်”
02 Aug
တားမြစ်ဆေးပြစ်ဒဏ်ကျခံနေရတဲ့ ချယ်လ်ဆီးတောင်ပံကစားသမား မူဒရစ် ဟာ ဘောလုံးကစားခွင့် ပြန်လည် ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ယူကရိန်းလက်ရွေးစင် မူဒရစ် ဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ဘောလုံးကစားခွင့် လေးနှစ်ပိတ်ပင်ခံခဲ့ရတာ ဖြစ်ပါတယ်။ ၎င်းအနေနဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကတည်းက ပွဲစဉ်များမှာ ပါဝင်ခွင့် မရှိခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ နိုင်ငံတကာအားကစားခုံရုံး(CAS)က မူဒရစ်ရဲ့အယူခံကို လက်ခံခဲ့ပြီး ပွဲကစားခွင့်ကို ပြန်လည်ကစားခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ မူဒရစ် အနေနဲ့ ၂၀၂၄ ခုနှစ်က ယူကရိန်းအသင်းနဲ့ နိုင်ငံတကာပွဲကစားရင်း တားမြစ်ဆေးစစ်ဆေးမှုမှာ ဆေးကျခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းရဲ့ ရာသီကြိုပြင်ဆင်မှုတွေမှာ ပြန်လည်ပူးပေါင်းသွားဖွယ် ရှိကြောင်း သိရပါတယ်။(NVS 008)
02 Aug