“အားကောင်းသော အယ်လ်နီညိုအခြေအနေတွင်တည်ရှိနေ”

02 Aug

အားကောင်းသော အယ်လ်နီညိုအခြေအနေတွင် တည်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနမှ ထုတ်ပြန်ချက်အရ သိရပါတယ်။ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ(Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားကောင်းသော အယ်လ်နီညိုအခြေအနေတွင် တည်ရှိနေကြောင်းနှင့် နိုင်ငံတကာမိုးလေဝသဌာန များရဲ့ သင်္ချာပုံစံပြုမော်ဒယ်လ် ခန့်မှန်းချက်များအရ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားအလွန်ကောင်းသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားရှိပါတယ်။ အယ်လ်နီညိုဖြစ်စဉ်မှာ ပစိဖိတ်သမုဒ္ဒရာတွင်ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါအယ်လ်နီညိုဖြစ်စဉ် ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှုမူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများမူမမှန်ခြင်း၊ လာမည့် နွေကာလများတွင် နေ့အပူချိန်များမြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်မှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြပါရန် အသိပေးထားရှိကြောင်းနဲ့ အယ်လ်နီညို ဖြစ်ပေါ်မှုနှင့်ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)

02 Aug

ADVERTISE HERE .