“လေးမျက်နှာမြို့နယ် မြို့ပေါ်ရပ်ကွက်များသို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်”
01 Aug
လေးမျက်နှာမြို့နယ်တွင် ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ငဝန်မြစ်ရေကာတာ နိမ့်ကျကျိုးပေါက်ကာ လေးမျက်နှာမြို့ပေါ်ရပ်ကွက်များသို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့သဖြင့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် လေးမျက်နှာမြို့နယ်၊ သခွတ်ချောင်းကျေးရွာအုပ်စု၊ မြစ်ကျိုးဝကျေးရွာ ဘုန်းတော်ကြီး ကျောင်းအနီး ငဝန်မြစ်ရေကာတာ မိုင်တိုင်အမှတ်(၂၅/၃)နေရာ၌ အလျား ၂၀ ပေခန့်၊ အမြင့် ၄ ပေခန့် နိမ့်ကျကာ ရောကာတာကျိုးပေါက်မှုဖြစ်ပွားခဲ့ပါတယ်။ ၎င်းဖြစ်စဉ်ကြောင့် လေးမျက်နှာမြို့ပေါ် အမှတ်(၄)နှင့်(၅)ရပ်ကွက်များနှင့် မြို့တွင်းလမ်းမကြီးများပေါ်သို့ ရေအမြင့် ၂ ပေခန့်နှင့် အချို့နေရာများတွင် ၅ ပေခန့်အထိ ရေများဝင်ရောက်ခဲ့ပြီး ရပ်ကွက်များရှိ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ အဆိုပါ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် နေရာများသို့ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများစုပေါင်း၍ ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ရေဘေးသင့်ပြည်သူများအား ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကာ လိုအပ်သောကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ လေးမျက်နှာမြို့နယ်တွင် ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ငဝန်မြစ်ရေကာတာ နိမ့်ကျကျိုးပေါက်ကာ လေးမျက်နှာမြို့ပေါ်ရပ်ကွက်များသို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့သဖြင့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် လေးမျက်နှာမြို့နယ်၊ သခွတ်ချောင်းကျေးရွာအုပ်စု၊ မြစ်ကျိုးဝကျေးရွာ ဘုန်းတော်ကြီး ကျောင်းအနီး ငဝန်မြစ်ရေကာတာ မိုင်တိုင်အမှတ်(၂၅/၃)နေရာ၌ အလျား ၂၀ ပေခန့်၊ အမြင့် ၄ ပေခန့် နိမ့်ကျကာ ရောကာတာကျိုးပေါက်မှုဖြစ်ပွားခဲ့ပါတယ်။ ၎င်းဖြစ်စဉ်ကြောင့် လေးမျက်နှာမြို့ပေါ် အမှတ်(၄)နှင့်(၅)ရပ်ကွက်များနှင့် မြို့တွင်းလမ်းမကြီးများပေါ်သို့ ရေအမြင့် ၂ ပေခန့်နှင့် အချို့နေရာများတွင် ၅ ပေခန့်အထိ ရေများဝင်ရောက်ခဲ့ပြီး ရပ်ကွက်များရှိ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ အဆိုပါ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် နေရာများသို့ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများစုပေါင်း၍ ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ရေဘေးသင့်ပြည်သူများအား ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကာ လိုအပ်သောကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။(NVS 008)