“သီလဝါအထူးစီးပွားရေးဇုန်၌ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲမည်”

01 Aug

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သီလဝါအထူးစီးပွားရေးဇုန်(SEZ)အတွင်း ၃ ဒသမ ၃၇ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစီမံကိန်းဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ် သုံးစွဲသွားမည် ဖြစ်ကြောင်း သိရပါတယ်။ သီလဝါ ၃ဒသမ ၃၇ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ရှေ့ပြေးစီမံကိန်းဖွင့်ပွဲကို ဇူလိုင်လ ၃၁ ရက် မွန်းလွဲပိုင်းတွင် သန်လျင်မြို့နယ် သီလဝါဥယျာဉ်မြို့တော်ရှိ Residential and Commercial Area အကွက်(၄) Thilawa Property Development Limited ၌ ကျင်းပခဲ့ပါတယ်။ အဆိုပါ ရှေ့ပြေးစီမံကိန်းဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ တက်ရောက် အမှာစကား ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ရှေ့ပြေးစီမံကိန်းကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။(NVS 008)

01 Aug

ADVERTISE HERE .