“ပြည်တွင်း၌သုံးစွဲရန်အတွက် သဘာဝဓာတ်ငွေ့ရောင်းချခြင်း သဘောတူစာချုပ်ချုပ်ဆို”

01 Aug

မုတ္တမကမ်းလွန်လုပ်ကွက် M-3 ရှိ အောင်သိင်္ခဧရိယာမှထွက်ရှိသော သဘာဝဓာတ်ငွေ့များအား ပြည်တွင်း၌သာ သုံးစွဲနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့ရောင်းချခြင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းကို ဇူလိုင်လ ၃၁ ရက်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ထိုင်းနိုင်ငံ PTTEP INTERNA- TIONAL LUMITED တို့အကြား မုတ္တမကမ်းလွန်လုပ်ကွက် M-3 ရှိ အောင်သိင်္ခဧရိယာမှထွက်ရှိသော သဘာဝဓာတ်ငွေ့ များအား ထုတ်ယူ၍ ပြည်တွင်း၌သာအသုံးပြုနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့ရောင်းချခြင်း သဘောတူစာချုပ် (Domestic Gas Supply Agreement -DGSA) လက်မှတ်ရေးထိုးပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က နိုင်ငံတော်အစိုးရသစ် စတင်တာဝန်ယူသည့်နေ့တွင် ကုန်းတွင်းစီမံကိန်း တစ်ခုအတွက် ရေနံတိုးတက်ထုတ်ယူရရှိရေး စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး ရက်(၁၀၀)ပြည့်မြောက်သည့်အချိန်တွင် သဘာဝ ဓာတ်ငွေ့ရောင်းချခြင်း သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းတို့က အစိုးရသစ်လက်ထက်တွင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ အတွက် မှတ်တိုင်သစ်များ စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မုတ္တမကမ်းလွန်လုပ်ကွက် (M-3)(အောင်သိင်္ခစီမံကိန်း)ကို ၂၀၀၄ ခုနှစ်တွင် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် ချုပ်ဆိုခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေး ကြန့်ကြာခဲ့ရပြီး ၂၀၂၃ ခုနှစ်မှသာ ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ခဲ့ရာ ယနေ့အချိန်တွင် လက်မှတ်ရေးထိုးနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ပါကြောင်း၊ စီမံကိန်းမှထွက်ရှိမည့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် အဓိကအသုံးပြုသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့သို့ လေလွင့် ဆုံးရှုံးမှုအနည်းဆုံးဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဓာတ်မြေဩဇာ ထုတ်လုပ်သည့် စက်ရုံများအတွက် လိုအပ်မည့်သဘာဝဓာတ်ငွေ့ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းထောက်ပံ့ ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၂၈ ခုနှစ်အကုန်တွင် သဘာဝဓာတ်ငွေ့ စတင်ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံ၏ အလားအလာကောင်းသော ကမ်းလွန်လုပ်ကွက်များတွင် သဘာဝဓာတ်ငွေ့ရှာဖွေထုတ်လုပ်ခြင်း လုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ပြုလုပ်ရန် ဖိတ်ခေါ်တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါတယ်။ ထို့နောက် PTTEP မှ ဒုတိယအမှုဆောင် အရာရှိချုပ်က ကျေးဇူးတင်စကားပြောကြားပြီး လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် PTTEP အထွေထွေမန်နေဂျာနှင့် ဒုတိယအမှုဆောင်အရာရှိချုပ်တို့က သဘာဝဓာတ်ငွေ့ ရောင်းချခြင်း သဘောတူစာချုပ် (Domestic Gas Supply Agreement-DGSA) ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြပါတယ်။(NVS 008) “သီလဝါအထူးစီးပွားရေးဇုန်၌ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲမည်” ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သီလဝါအထူးစီးပွားရေးဇုန်(SEZ)အတွင်း ၃ ဒသမ ၃၇ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစီမံကိန်းဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ် သုံးစွဲသွားမည် ဖြစ်ကြောင်း သိရပါတယ်။ သီလဝါ ၃ဒသမ ၃၇ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ရှေ့ပြေးစီမံကိန်းဖွင့်ပွဲကို ဇူလိုင်လ ၃၁ ရက် မွန်းလွဲပိုင်းတွင် သန်လျင်မြို့နယ် သီလဝါဥယျာဉ်မြို့တော်ရှိ Residential and Commercial Area အကွက်(၄) Thilawa Property Development Limited ၌ ကျင်းပခဲ့ပါတယ်။ အဆိုပါ ရှေ့ပြေးစီမံကိန်းဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ တက်ရောက် အမှာစကား ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ရှေ့ပြေးစီမံကိန်းကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။(NVS 008)

01 Aug

ADVERTISE HERE .